ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး ဆေးနှင့် ဆေးပစ္စည်းများ နေ့စဉ်စစ်ဆေးထုတ်ပေးလျက်ရှိ

နေပြည်တော်  ဇူလိုင်  ၃၀ 

 


အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉  ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး ပစ္စည်းများအား လေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်အသီးသီးမှ  ရုံးပိတ်ရက်ရှည် ကာလအတွင်း      နေ့စဉ်ပိတ်ရက်မရှိ လွယ်ကူချောမွေ့စွာ  စစ်ဆေးထုတ်ပေး လျက်ရှိရာ   ဇူလိုင် ၃၀ ရက်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကုမ္ပဏီ    ၁၂၆  ခုမှ အိမ်သုံးအောက်ဆီဂျင်စက် ၄၈၉၆   ခု၊ Oximeter    ၃၃၈၀၀၊    Oxygen    Inhalator   ၁၀၀၀၀၊  COVIPAS   Tablet  400 mg  ၂၄၀၀၊ FRAVIR  Tablet  ၅၀၀၊  Flowmeter  ၂၃၈၀၊ Medical   Isolation  Mask  ၁၂၀၀၊ Test   Kit  အခု ၉၀၀၊ Oxygen  Mask   ၁၁၀၀၊ Nasal  Cannula   ၁၀၀၊ Spare  Part    For    Oxygen Concentrator   ၆၄  ခု၊  Oxygen Regulator   ၃၆၅၀၊ Oxygen   Tube ၄၅၀၀၊ Oxygen  Pipe  ၈၅၀၊ Oxygen Refill  Machine  သုံးခု၊ KN95 Mask  ၁၀၀၀၀၊ ရန်ကုန်ဆိပ်ကမ်းများမှ ကိုဗစ်-၁၉    ကာကွယ်    ကုသဆေးနှင့်    အခြားဆေးမျိုးစုံ ၃၆ မျိုး (၆၁၇၈၃ ဒသမ ၁၄ ကီလိုဂရမ်)၊ နယ်စပ် (မူဆယ်၊  ချင်းရွှေ ဟော်၊  မြဝတီ၊ ကျိုင်းတုံ၊  ကော့သောင်း)တွင် ကုမ္ပဏီ ၄၀ မှ Disposable / Surgical  Masks  ၈၈၇၁၇ ကီလိုဂရမ်၊ Non Woven Interlining Fabric  ၂၀၀၀ ကီလိုဂရမ်၊ အောက်ဆီဂျင် အရည် ၂၀ ကုဗမီတာ၊ အိမ်သုံးအောက်ဆီဂျင် စက်   ၂၈၃   ခု၊ Oxygen  Cylinder  ၆၉၅၄ ခု၊ Flow meter ၁၄၀၁ ခု၊ Oximeter  ၅၆၆ ခု၊ PPE   Gown  ၂၈၄၂၀၊   Oxygen Plant သုံးခု၊ Oxygen Masks ၆၂၀၀၊  Oxygen Pack ၅၂၀၀၊ Mask Making Machine    တစ်ခု၊   Regulator  ၁၀၀၀ တို့ကို  ထုတ်ပေးခဲ့ကြောင်း  သတင်းရရှိ သည်။   
         

   သတင်းစဉ်