
နေပြည်တော် ဇူလိုင် ၃၀
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှုန်း ထိန်းချုပ်နိုင်ရေးအတွက် ကုသရေးဆိုင်ရာဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ပြည်ပမှတင်သွင်းခွင့်အတွက် သွင်းကုန်လိုင်စင်လျှောက်ထားခြင်းမှ ယာယီကင်းလွတ်ခွင့်ပြုပေးခြင်းနှင့် နယ်စပ်ဒေသများမှ တင်သွင်းရာတွင် လွယ်ကူအဆင်ပြေ စေရေးအတွက် နယ်စပ်ကုန်သွယ်ရေးစခန်းများ ရုံးပိတ်ရက်မရှိ ဖွင့်လှစ်၍ ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် အများပြည်သူအလုပ်ပိတ်ရက်ရှည်ဖြစ်သည့် ဇူလိုင် ၂၆ ရက်မှ ဩဂုတ် ၁ ရက်အထိ ကုန်သွယ်ရေးဦးစီးဌာန(ရုံးချုပ်) ပို့ကုန်သွင်းကုန်လုပ်ငန်းဌာနခွဲနှင့် ပို့ကုန်သွင်းကုန်ရုံး(ရန်ကုန်)ရုံးများသို့ ပို့ကုန်သွင်းကုန်လိုင်စင် လာရောက်လျှောက်ထားမှုများကို ပုံမှန် အွန်လိုင်းစနစ်ဖြင့် ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါ အလွတ်သဘောအစည်းအဝေးမတိုင်မီ ၂၆-၇-၂၀၂၁ ရက်က မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင် ခံစာတင်သွင်းသူ Mr. Thomas Andrew က အလားတူ အခြေအမြစ် မရှိသည့် အချက်အလက်များပါဝင်သည့် သတင်းတစ်ရပ်ကို ထုတ်ပြန် ခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကို ထိန်းချုပ်ရန် ယခုနှစ်မကုန်မီ လူဦးရေ၏ အနည်းဆုံး ၅၀ ရာခိုင်နှုန်းကို ကာကွယ် ဆေးထိုးနှံနိုင်ရေး အစွမ်းကုန်ကြိုးပမ်းလျက်ရှိသည်။ ရောဂါကူးစက် ပြန့်ပွားမှုကို ထိရောက်လျင်မြန်စွာ ထိန်းချုပ်ရေး၊ ကာကွယ်ရေးနှင့် ကုသရေးတို့အတွက် တပ်မတော်ဘက်မှ ၁၀-၅-၂၀၂၀ ရက်မှ ၃၁-၇-၂၀၂၁ ရက်အထိ အပစ်အခတ်ရပ်စဲထားကြောင်းကို စတင် ထုတ်ပြန်ခဲ့ပြီး လက်ရှိအချိန်အထိ သက်တမ်းတိုးမြှင့်ထားပြီးဖြစ်သည်။
၂၇-၁-၂၀၂၁ ရက်မှ ၂၁-၇-၂၀၂၁ ရက်အတွင်း ကျန်းမာရေး ဝန်ထမ်းများနှင့် ပြည်သူ့ဝန်ထမ်းအများစုတို့အား ကာကွယ်ဆေးထိုးနှံ ပေးနိုင်ခဲ့ပြီး ဖြစ်သည်။ နိုင်ငံတစ်ဝန်း ဦးတည်အုပ်စု (၁၂) စုကို ဦးစားပေး ထားရှိကာ ကာကွယ်ဆေးထိုးမည့် အစီအစဉ်ကို ဆက်လက်ဆောင်ရွက် လျက်ရှိသည်။ မကြာသေးမီက ကာကွယ်ဆေး (၃) သန်း ရောက်ရှိခဲ့ပြီး သြဂုတ်လတွင် နောက်ထပ်(၃)သန်း ထပ်မံရရှိမည်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ကျန်းမာရေးဝန်ထမ်းအချို့သည် လုပ်ဖော်ကိုင်ဖက် များအား ၎င်းတို့၏ ကျွမ်းကျင်သည့် တာဝန်မထမ်းဆောင်နိုင်စေရန် အရှက်ခွဲခြင်း၊ ခြိမ်းခြောက်ခြင်းနှင့် အကျပ်ကိုင်ခြင်းတို့ကို ပြုလုပ်လျက် ရှိသည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကမ္ဘာ့ကပ်ရောဂါ တိုက်ဖျက်ရေးနှင့် ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းများတွင် လိုအပ် လျက်ရှိသော လူ့စွမ်းအားအရင်းအမြစ်များကို အချိန်တိုအတွင်း တိုးမြှင့် ဖြည့်ဆည်းနိုင်ရေးအတွက် ပူးပေါင်းပါဝင်လိုသူများကို တံခါးဖွင့်ဖိတ်ခေါ် ထားလျက်ရှိသည်။ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး၊ ထိန်းချုပ်ရေး နှင့် ကုသရေးအစီအမံများအတွက် တပ်မတော်က အများပြည်သူသို့ ကျန်းမာရေးဝန်ဆောင်မှုများ၊ အထောက်အကူပြုပစ္စည်းများကို ပံ့ပိုး ကူညီလျက်ရှိသည်။
ကမ္ဘာ့ကပ်ရောဂါကို ထိန်းချုပ်တားဆီးရန် အခြားနိုင်ငံများ နည်းတူ မြန်မာပြည်သူများ လက်တွဲကာ တွန်းလှန်နေချိန်တွင် အချင်းချင်းစိတ်ဝမ်းကွဲပြားမှုများနှင့် သံသယများဖြစ်ပေါ်စေရန် ဖန်တီးခြင်းကို လက်ခံနိုင်ဖွယ်မရှိပါ။ အချုပ်အခြာအာဏာပိုင် နိုင်ငံ တစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရန် ကြိုးပမ်းမှု မှန်သမျှကို မြန်မာနိုင်ငံက ပြင်းထန်စွာရှုတ်ချလိုက်သည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
ရက်စွဲ၊ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်