
ရန်ကုန် ဇူလိုင် ၃၁
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဇူလိုင် ၃၁ ရက်က ကိုဗစ် ၁၉ - ရောဂါကာကွယ်ဆေး ထိုးနှံပေးနေမှုများကို ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုးနှင့် ကောင်စီအဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းစစ်ဌာန ချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမင်းနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးကြသည်။
ရှေးဦးစွာ ကောင်စီဥက္ကဋ္ဌ၊ တိုင်းမှူးနှင့် တာဝန် ရှိသူများသည် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အမှတ် (၁) စိုက်ပျိုးမွေးမြူရေးရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ မြန်မာ့သားကောင်း အဆင့်မြင့် စစ်မှုထမ်းဟောင်းအိမ်ရာ (လေးထောင့် ကန်)တွင် နေထိုင်ကြသည့် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင်များအား သွားရောက် တွေ့ဆုံအမှာစကားပြောကြားပြီး အိမ်ထောင်စု
၁၆၆ စုအတွက် အိမ်ထောင်စုတစ်စုလျှင် ဆန် လေးပြည်အိတ် တစ်အိတ်၊ ကြက်ဥ၊ ငှက်ပျောသီးနှင့် နှာခေါင်းစည်းများကို ပေးအပ်သည်။
ဆက်လက်၍ ကောင်စီဥက္ကဋ္ဌ၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် ပြည်သူ့ဆေးရုံ၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီရုံး၊ ကနောင်ခန်းမ တို့တွင် အသက် ၆၅ နှစ်အထက် ရဟန်းသံဃာတော် များနှင့် လူပုဂ္ဂိုလ်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်ဆောင်ရွက်နေသည့် စေတနာ့ဝန်ထမ်းများ၊ ပုဂ္ဂလိကဆေးရုံများမှ ကျန်းမာ ရေးဝန်ထမ်းများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sino-pharm ဆေးထိုးနှံပေးနေမှု အခြေအနေများကို လိုက်လံကြည့်ရှုအားပေးသည်။
ကာကွယ်ဆေးထိုးနှံပေးနေသည့် သတ်မှတ်စုရပ် နေရာများတွင် ကိုဗစ် - ၁၉ ရောဂါ လမ်းညွှန်ချက် များနှင့်အညီ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမင်း၊ မြို့နယ် ကျန်းမာရေးဦးစီးမှူးနှင့် တာဝန်ရှိသူများက ရှင်းလင်း တင်ပြရာ ကောင်စီဥက္ကဋ္ဌနှင့် တိုင်းမှူးတို့က ညွှန်ကြားပြီး သက်ဆိုင်ရာဌာနများနှင့် လိုအပ်ချက် များအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက် ပေးသည်။ အလားတူ သန်လျင်မြို့နယ် အမှုထမ်း ရပ်ကွက်ရှိ မဟာအတုလ သဒ္ဓမ္မရံသီ သာသနာ့ဗိမာန် တော်၌လည်း ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ လှိုင်မြို့နယ်ရှိ အမှတ် (၁) စစ်ကြောရေးနှင့် တည်းခိုရေးစခန်း ကိုဗစ် - ၁၉ ကုသရေးစင်တာအတွက် အလှူရှင်တစ်ဦးက လှူဒါန်း သည့် Oxygen Plant ထားရှိမည့် နေရာကို သွားရောက်ကြည့်ရှုရာ အမှတ်(၂) ခုတင်(၅၀၀) တပ်မှူး ဗိုလ်မှူးကြီး ဇော်မျိုးဟန်က ယခုတပ်ဆင် နေသည့်စက်သည် တစ်နာရီလျှင် အောက်ဆီဂျင် ကုဗမီတာ ၆ဝ ထွက်ရှိမည်ဖြစ်ကြောင်းနှင့် တစ်ရက် လျှင် ရှစ်နာရီ နှစ်ဆိုင်းမောင်းနှင်မည့် အခြေအနေ များကို ရှင်းလင်းတင်ပြရာ ကောင်စီဥက္ကဋ္ဌနှင့် တိုင်းမှူးတို့က လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
ဆန်းကျော်ဦး (ပြန် /ဆက်)