ဒယ်လ်တာကိုဗစ်ကူးစက်ပျံ့နှံ့မှုနှင့်အတူ ထိုင်းနိုင်ငံ၌ နေ့စဉ် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု စံချိန်တင်

 

ဘန်ကောက် ဇူလိုင် ၃၁ 


ကူးစက်မြန်ပြင်းထန်ဒယ်လ်တာ  အသွင်ပြောင်းကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားမှုကို ရင်ဆိုင်ဖြေရှင်းနေချိန်တွင် ထိုင်းနိုင်ငံ၏ နေ့စဉ်ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသေဆုံးနှုန်းသည် ဇူလိုင် ၃၁ ရက်က စံချိန်တင်ဖြစ်ပွား ခဲ့သည်။ 
ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနမှရရှိသော အချက်အလက်များအရ ထိုင်းနိုင်ငံ၏ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုသည် လွန်ခဲ့သော ၂၄ နာရီက ၁၈၉၁၂ ဦးတိုးလာမှုနှင့်အတူ စုစုပေါင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၆၉၇၂၈၇ ဦးအထိ   ရှိလာခဲ့သည်။   ကိုဗစ်-၁၉ ကြောင့်   ၁၇၈ ဦး ထပ်မံသေဆုံးမှုနှင့်အတူ  စုစုပေါင်း   သေဆုံးသူ  ၄၈၅၇ ဦး  ရှိလာ ခဲ့သည်။ 

 


ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုများသည့် ဒေသများတွင် ညမထွက်ရ အမိန့်နှင့် တစ်စိတ်တစ်ပိုင်း အလုံပိတ်ကန့်သတ်ပိတ်ဆို့ခြင်း အပါအဝင် တင်းကျပ်သည့် ကန့်သတ်ပိတ်ဆို့မှုများ ချမှတ်ကျင့်သုံးနေသည့်တိုင် ထိုင်းနိုင်ငံ၌  နေ့စဉ်   ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု   ဇူလိုင်လတွင် ရုတ်တရက် မြင့်တက်လာခဲ့သည်။ 
ထို့အပြင် ကိုဗစ်-၁၉ ပြင်းထန်အခြေအနေ ခံစားနေရသောလူနာ အရေအတွက်သည် ၄၆၉၁ ဦးရှိပြီး အသက်ရှူအထောက်အကူပြု ကိရိယာလိုအပ်သူအရေအတွက်သည် ၁၀၃၂ ဦးရှိကြောင်း သိရသည်။ မြို့တော် ဘန်ကောက်ကဲ့သို့သော ကိုဗစ်-၁၉ ကူးစက်မှုများသည့်နေရာ များရှိ ဆေးဘက်ဆိုင်ရာစနစ်များလည်း ဝန်ပိလျက်ရှိကြောင်း သိရသည်။ 
ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမြင့်လာခြင်းက သက်ဆိုင်ရာ အာဏာ ပိုင်များကို   နောက်ထပ်တင်းကျပ်သည့်   ကန့်သတ်ပိတ်ဆို့မှုများကို သီတင်းပတ်နှစ်ပတ်ကြာ ထပ်မံပြုလုပ်မည်လားဆိုသည့်အပေါ် စဉ်းစား စရာ ဖြစ်ခဲ့သည်။ 
ထိုင်းနိုင်ငံတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးထားသူ ၅ ဒသမ ၅ ရာခိုင်နှုန်းသာရှိပြီး ကာကွယ်ဆေးထိုးနှုန်းမှာ သိသိသာသာနည်းလျက် ရှိသောကြောင့် ကာကွယ်ဆေးထိုးလုပ်ငန်းများကို အရှိန်အဟုန်မြင့် လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။            

                        
ဆင်ဟွာ