
နေပြည်တော် ဇူလိုင် ၃၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဩဂုတ် ၁ ရက်မှ ၆ ရက်အထိ ထိုးနှံပေး သွားမည်ဖြစ်သည်။ နေပြည်တော်အတွင်းရှိ မြို့နယ်အားလုံးတွင် နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီထိ တစ်ကြိမ်၊ မွန်းလွဲ ၁ နာရီမှ ညနေ ၅ နာရီအထိ တစ်ကြိမ် နေ့စဉ်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဦးစားပေးအုပ်စု ခြောက်ခုတွင်ပါဝင်သည့် အသက် ၆၅ နှစ်နှင့်အထက် မိဘပြည်သူများ၊ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်းလုပ်ငန်းများတွင် ရှေ့တန်းမှ တာဝန်ထမ်းဆောင်နေကြသည့် ကာကွယ်ဆေးမထိုးရသေးသော ကျန်းမာရေး ဝန်ထမ်းများနှင့် ပုဂ္ဂလိကကျန်းမာရေးဝန်ထမ်း များ၊ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် ဆောင်ရွက်နေသော ကာကွယ် ဆေးမထိုးရသေးသည့် စေတနာ့ဝန်ထမ်းများ၊ ဘိုးဘွားရိပ်သာများရှိ ဘိုးဘွားမိဘပြည်သူများ၊ သာသနာ့ဝန်ထမ်းများ၊ ဘုန်းတော်ကြီးများနှင့် သီလရှင်များ၊ ကာကွယ်ဆေးမထိုးရသေးသည့် နိုင်ငံ့ဝန်ထမ်းများထိုးနှံနိုင်သည်။
ဆေးထိုးစုရပ်များအဖြစ် ဥတ္တရခရိုင်အတွင်း တပ်ကုန်းမြို့နယ်အတွက် အထက (၁) တပ်ကုန်း၊ ဇေယျာသီရိမြို့နယ်အတွက် အထက ပြည်စံအောင်၊ ပုဗ္ဗသီရိမြို့နယ်အတွက် အထက (၂၀) နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်အတွက် အထက (မင်းကုန်း)၊ ဒက္ခိဏခရိုင်အတွင်း လယ်ဝေးမြို့နယ်အတွက် အထက (၁) လယ်ဝေး၊ ပျဉ်းမနားမြို့နယ်အတွက် အထက (၃) ပျဉ်းမနား၊ ဇမ္ဗူသီရိမြို့နယ်အတွက် အထက (၇) နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် အတွက် အထက (၁၈) နေပြည်တော်တို့တွင် ဆောင်ရွက်သွားမည်ဖြစ်သည်။
ထိုးနှံပေးမည့်ဆေးမှာ Sinopharm ဖြစ်ပြီး ပထမအရစ်ရရှိသည့် ဆေးအရေအတွက် ၃၈၀၀၀ အား မြို့နယ်အားလုံးသို့ ခွဲဝေထိုးနှံပေးသွား မည်ဖြစ်ကြောင်း နေပြည်တော်ကောင်စီမှ သိရှိရ သည်။
နေပြည်တော်
(ပြန်/ဆက်)