စေတနာ့ဝန်ထမ်းများ၊ ပရဟိတအဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးပွဲများမှ တင်ပြချက်များနှင့်ပတ်သက်၍ နိုင်ငံတော်မှ ပံ့ပိုးကူညီပေးမည့် အစီအစဉ်များကိုသိရှိနိုင်ရေး ထပ်ဆင့်မျှဝေရှင်းလင်းခြင်းအစီအစဉ် ကျင်းပ

 

နေပြည်တော်   ဇူလိုင်   ၃၁


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနမှ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ်များရှိ စေတနာ့ဝန်ထမ်း များ၊ ပရဟိတအဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေး ပွဲများမှ တင်ပြချက်များနှင့်ပတ်သက်၍ နိုင်ငံတော်မှ ပံ့ပိုးကူညီပေးမည့်   အစီအစဉ်များကို  သိရှိနိုင်ရေး ထပ်ဆင့်မျှဝေ ရှင်းလင်းခြင်းအစီအစဉ်ကို   ယနေ့  မွန်းလွဲ ၂ နာရီတွင် Online ဖြင့် ကျင်းပသည်။

 


ရှေးဦးစွာ လူမှုဝန်ထမ်း၊  ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သက်သက်ခိုင်က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်  ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနအနေဖြင့်   စေတနာ့ဝန်ထမ်းများ၊   ပရဟိတ အသင်းများနှင့် တွေ့ဆုံဆွေးနွေး၍ ဆွေးနွေးတင်ပြ ချက်မှတ်တမ်းများကို      ဇူလိုင်   ၃၀   ရက်တွင်     နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဦးဆောင်သော ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေး ဆိုင်ရာ အရေးပေါ်ကော်မတီ၏ အစည်းအဝေးတွင် အခက်အခဲများ၊ လိုအပ်ချက်များအား တင်ပြဆွေးနွေး ခဲ့ပါကြောင်း၊   လက်ရှိကာလအထိ   ကိုဗစ်-၁၉ ကာကွယ်၊  ထိန်းချုပ်၊     ကုသရေးဗဟိုကော်မတီမှ စေတနာ့ဝန်ထမ်း   စုစုပေါင်း ၁၈၀၈၀ အတွက် စားသောက်စရိတ် ငွေကျပ် ၂၂၅၅ ဒသမ ၈၈ သန်းနှင့် ပရဟိတအဖွဲ့အစည်းပေါင်း ၁၆၃၁ ဖွဲ့၏ စက်သုံးဆီ လိုအပ်ချက်အတွက်    ငွေကျပ်   ၁၇၆၄  သန်းကို   ကျခံသုံးစွဲခွင့်ပြုပေးခဲ့ပါကြောင်း၊  ဇူလိုင် ၂၆ ရက်တွင် စေတနာ့ဝန်ထမ်းများ၊ ပရဟိတအဖွဲ့အစည်းများ အတွက်  ၄၀၁၉ ဒသမ ၈၉၅ သန်း ခွင့်ပြုခဲ့ပြီးဖြစ်ပါ ကြောင်း၊ ယခုတတိယလှိုင်းတွင် ကုသရေးစင်တာ များ၊ Q centerများ၌ ထားရှိသူများကို တစ်ဦးလျှင် စားစရိတ် ငွေကျပ် ၄၅၀၀ နှုန်း ကျွေးမွေးရန်  ခွင့်ပြုခဲ့ ပါကြောင်း၊ ဇူလိုင် ၃၀ ရက် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ         အရေးပေါ်ကော်မတီ၏ အစည်းအဝေးတွင်လည်း တိုင်းဒေသကြီး၊ ပြည်နယ် များရှိ        စီမံအုပ်ချုပ်ရေးကောင်စီများအနေဖြင့် ဒေသလိုက်   ဖြည့်ဆည်းမှုပေးရန်   ညွှန်ကြားပြီး ဖြစ်ပါကြောင်း။

 


တိုင်းဒေသကြီး၊      ပြည်နယ်များတွင်လည်း စေတနာ့ဝန်ထမ်းသင်တန်းများ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊     လူနာတင်ယာဉ်များ စိစစ်ရေးကတ်ပြားများ ထုတ်ပေးရန်ကိစ္စ၊ သွားလာ ရေးတွင် လုံခြုံရေးစိစစ်ခွင့်ပြုပေးရန်ကိစ္စ၊ စေတနာ့ ဝန်ထမ်းကတ်များ   ပြုလုပ်ပေးသွားရန်များ   စီစဉ် ဆောင်ရွက်လျက်ရှိပါကြောင်း၊  စေတနာ့ဝန်ထမ်း၊ ပရဟိတအဖွဲ့များ၊ ဗဟိုကြီးကြပ်ကွပ်ကဲရေးဌာနများ၊ Recovery Center များ၊   ဖွင့်လှစ်ရေးကိစ္စအား တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ဆောင်ရွက်ရန်စီစဉ်လျက်ရှိပါကြောင်း၊ အရေးပေါ်လူနာတင်ယာဉ် များပေါ်တွင် အောက်ဆီဂျင်အိုး တပ်ဆင်ထားရန် လူနာတင်ယာဉ်များကို မြို့နယ်အလိုက် စီစဉ်ထားရန်ညွှန်ကြားပြီးဖြစ်ပါကြောင်း၊ လိုအပ်ချက်များ ဖြစ်သော ကျန်းမာရေးသုံး အကာအကွယ်ပစ္စည်းများ၊ သတင်းအချက်အလက်များအား ကွန်ရက်ချိတ်ဆက် ဆောင်ရွက်နိုင်ရန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်ပေးကြပါရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က အမှာစကား ပြောကြားသည်။ 

 


ထို့နောက်                  တက်ရောက်လာကြသော နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ် များမှ လူမှုဝန်ထမ်းဦးစီးမှူးများ၊ စေတနာ့ဝန်ထမ်း များ၊  ပရဟိတအဖွဲ့အစည်းများမှ   ကိုယ်စားလှယ် များက မိမိတို့လုပ်ဆောင်နေသော နယ်ပယ်ကဏ္ဍ အသီးသီး၏   နယ်မြေအခြေအနေ   အခက်အခဲ၊ လိုအပ်ချက်များ၊ ပူးပေါင်းဆောင်ရွက်မှု အခြေအနေ များကို တင်ပြဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ ကပ်ဘေးကိုသာမက သဘာဝဘေးများ လည်း ကြုံတွေ့နေကြရသည့်အချိန်ဖြစ်၍  မိမိတို့ တိုင်းပြည်နှင့် လူမျိုးအတွက် အစိုးရနှင့် ပြည်သူ ပူးပေါင်းလက်တွဲပြီး ကိုဗစ်-၁၉ ရောဂါကို တိုက်ထုတ်  ကြရန် လိုအပ်ပါကြောင်း၊ တက်ရောက်လာသူများက တက်တက်ကြွကြွ ပါဝင်ဆွေးနွေးပေးကြလို့ တစ်ဦး ချင်းစီတိုင်းကို          ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားသည်။

သတင်းစဉ်