
နေပြည်တော် ဇူလိုင် ၃၁
ကွမ်းလုံတံတားသစ် တည် ဆောက်ရေးစီမံကိန်းကိုတာဝန်ယူ ဆောင်ရွက်လျက်ရှိသော တရုတ် ပြည်သူ့သမ္မတနိုင်ငံ Yunan Sunny Road & Bridge Co.,Ltd မှ ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာနသို့ ပေးအပ် လှူဒါန်းသည့် 40 Liter Oxygen အိုး အလုံး ၅၀နှင့် Flow Meter ၁၅ ခုကို ဇူလိုင် ၂၇ ရက်တွင် ချင်းရွှေဟော် နယ်စပ်ဂိတ်၌ လက်ခံရရှိသည်။
အဆိုပါ လက်ခံရရှိခဲ့သော 40 Liter Oxygen အိုး အလုံး ၅၀ မှ ၂၅ လုံးကို လားရှိုးခရိုင်အတွင်း ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီး ကုသရေးလုပ်ငန်းများ ဆောင်ရွက် နိုင်ရန်အတွက် ဇူလိုင် ၂၈ ရက် တွင် ရှမ်းပြည်နယ် လားရှိုးမြို့ရှိ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ခရိုင်အဆင့် လုပ်ငန်း ကော်မတီသို့ ဆောက်လုပ်ရေး ဝန်ကြီးဌာန တံတားဦးစီးဌာနမှ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရ သည်။
သတင်းစဉ်