
စစ်တွေ ဇူလိုင် ၃၁
ရခိုင်ပြည်နယ် စစ်တွေမြို့နယ်၌ အသက် ၆၅နှစ်အထက် အသက် အရွယ်ကြီးရင့်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံ ပေးခြင်းကို ယနေ့နံနက်ပိုင်းက စတင်ပြီး ထိုးနှံပေးလျက်ရှိ သည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်း ဆောင်ရွက်ရာတွင် ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ ကျန်းမာရေး ဝန်ထမ်းများက ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင်ပါဝင်မှု ပမာဏ တိုင်းတာပေးခြင်းတို့ကို ဆောင် ရွက်ပေးပြီး ပုံမှန်အနေအထား ရှိမှသာ ကာကွယ်ဆေးထိုးနှံ ပေးကြခြင်း ဖြစ်သည်။
သတ်မှတ်နေရာများ၌ ထိုးနှံပေးသွားမည်
စစ်တွေမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး ခြင်းကို စစ်တွေမြို့ ပြည်တော်သာ ရပ်ကွက်ရှိ အမှတ်(၄) အခြေခံ ပညာ အထက်တန်းကျောင်းနှင့် ဘောက်သီးစုရပ်ကွက်ရှိ အမှတ် (၂) အခြေခံပညာကျောင်းတို့တွင် ယနေ့နံနက်ပိုင်းနှင့် နေ့လယ်ပိုင်း နှစ်ချိန်ခွဲ၍ တစ်ရပ်ကွက်တွင် လူဦးရေ ၁၀၀ စီခွဲကာ ထိုးနှံပေး လျက်ရှိသည်။ အလားတူ စစ်တွေ မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဩဂုတ် ၁ ရက်တွင် အမှတ်(၂) အခြေခံ ပညာအထက်ကျောင်း၊ အမှတ်(၄) အခြေခံပညာ အထက်တန်း ကျောင်း၊ အမှတ်(၉)အခြေခံပညာ အထက်တန်းကျောင်း (မင်းဂံ) နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတို့တွင် ထိုးနှံပေးသွား မည်ဖြစ်ပြီး ဩဂုတ် ၂ ရက်တွင် အဆိုပါနေရာ လေးခုအပြင် ပါဒလိပ်ကျေးရွာရှိ လူငယ်စင်တာ တွင်လည်း ထိုးနှံပေးသွားမည်ဖြစ် ကြောင်း သိရသည်။
ကာကွယ်ဆေး ထိုးနှံပေးမှု နှင့် ပတ်သက်၍ စစ်တွေမြို့ ပြည်တော်သာရပ်ကွက်၊ ဖိုးသာ ရွာက အသက် ၆၈ အရွယ် ဦးဘသိန်းက “ဒီနေ့ကျွန်တော်ဆေးထိုးပြီးပါပြီ၊ ဆေးထိုးတာ တော်တော်နာမယ်လို့ ထင်ခဲ့ တယ်၊ ဒါပေမယ့် မနာပါဘူး၊ ဒါကြောင့် ပြည်သူ ပြည်သားတွေ အနေနဲ့ ဒီလိုဆေး ထိုးရဖို့ဆိုတာ လွယ်တာမဟုတ်ဘူး၊ ဒါကြောင့် အားလုံးလာပြီးတော့ ဆေးထိုး ကြစေချင်ပါတယ်၊ ဆေးမထိုးခင် ကတော့ စိုးရိမ်မှုတွေ ရှိတာပေါ့၊ အခုကတော့ ကျွန်တော်ဆေးထိုး ထားပြီရောဂါကို ခံနိုင်ပြီ ဆိုပြီး တော့ စိတ်ခွန်အားတွေ တိုးတက် လာပါတယ်၊ ဒီရောဂါအတွက် မစိုးရိမ်ရတော့ဘူးလို့ ထင်မိပါ တယ်၊ အရင်ဆေးထိုးတုန်း ကတော့ ရပ်ကွက်ရုံးကတော့ ဆေးထိုးဖို့ခေါ်ခဲ့ပါတယ်၊ အဲ့ဒီ တုန်းက မထိုးဖြစ်တာက ဆေးထိုး တာက ကောင်းပါ့မလားလို့ သံသယရှိခဲ့ပါတယ်၊ အခုနောက် ပိုင်းမှာတော့ ကမ္ဘာတစ်ဝန်းမှာ ရောဂါက ဖြစ်လာတာဆိုတော့ မထိုးလို့ မရတော့ဘူးပေါ့၊ ကာကွယ်မှုက အကောင်းဆုံး ဆိုပြီးတော့ စိတ်ကူးပေါ်လာ ပါတယ်။ ဒါကြောင့်အခုအချိန်မှာ လာပြီးတော့ ထိုးတာပါ၊ ဒီလိုဆေး ထိုးပေးတဲ့အတွက် တာဝန်ရှိတဲ့ သူတွေ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်” ဟု ပြော သည်။
ကူညီဆောင်ရွက်ပေး
ကာကွယ်ဆေး ထိုးနှံရန် လာရောက်သော သက်ကြီးရွယ်အို များအား အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များက လိုအပ်သော ကိစ္စများကို ကူညီဆောင်ရွက်ပေး လျက်ရှိသည်။
လူဦးရေ ၇၀၄၀၀ ထိုးနှံပေးမည်
ရခိုင်ပြည်နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ အတွက် Sinopharm ကိုဗစ် ကာကွယ်ဆေး အလုံးရေ ၃၅၂၀၀ ရောက်ရှိနေပြီး လူဦးရေ ၇၀၄၀၀ ကို ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တင်ထွန်း
(ပြန်/ဆက်)