နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၌ ဩဂုတ် ၁ ရက်မှစ၍ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးမည်

 

နေပြည်တော်   ဇူလိုင်  ၃၀  


နေပြည်တော်  ဇမ္ဗူသီရိမြို့နယ် သည်    နေအိမ်တွင်   နေထိုင်ရေး အစီအစဉ် (Stay at home)တွင် အကျုံးဝင်သော   မြို့နယ်တစ်ခု ဖြစ်ပြီး လာမည့်ဩဂုတ် ၁ ရက် မှစတင်၍ ကိုဗစ်- ၁၉ ကာကွယ် ဆေးထိုးနှံပေးခြင်းကို ဆောင်ရွက် မည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာ ရေးဦးစီးဌာနမှ သိရသည်။

 


“အသက် ၆၅ နှစ်နဲ့    အထက် ရှိသူများ     ရှေ့တန်းက      ပါဝင် လုပ်ဆောင်နေတဲ့      ကျန်းမာရေး ဝန်ထမ်းတွေ၊    အစိုးရ/   ပုဂ္ဂလိက ဝန်ထမ်းတွေ၊   အများပြည်သူနဲ့ တိုက်ရိုက်ထိတွေ့ ဆက်ဆံနေရပြီး ဝန်ဆောင်မှုပေးနေတဲ့  လုပ်ငန်း ဆိုင်ရာ    နယ်ပယ်အသီးသီးက ဝန်ထမ်းတွေ‌၊   နောက်ပြီးတော့ ပို့ဆောင်ဆက်သွယ်ရေး ဆောင် ရွက်နေတဲ့ ဝန်ထမ်းတွေနဲ့ပရဟိတ အသင်းအဖွဲ့ကနေ ပါဝင်ဆောင် ရွက်ပေးနေတဲ့သူတွေ  အဲဒီစာရင်း တွေကိုတော့  သက်ဆိုင်ရာဌာန အသီးသီးက  စာရင်းကောက်ယူပြီး ဩဂုတ် ၁ ရက်မှာ ဦးစားပေးစတင် ထိုးနှံပေးသွားမှာဖြစ်ပါတယ်”ဟု ဇမ္ဗူသီရိမြို့နယ်    ကျန်းမာရေး ဦးစီးဌာနဦးစီးမှူးက ပြောသည်။

 


ဇူလိုင်   ၁၇ ရက်    မှစ၍ အများပြည်သူ    အလုပ်ပိတ်ရက် ရှည်အဖြစ်   သတ်မှတ်ထားသည့် ကာလအတွင်း   ဇမ္ဗူသီရိမြို့နယ် ၌   ကိုဗစ်- ၁၉   ရောဂါပိုးတွေ့ လူနာဦးရေ    အတက်အကျနှင့် ပတ်သက်၍  မြို့နယ်ကျန်းမာရေး ဦးစီးဌာနဦးစီးမှူးက“ ရုံးပိတ်ရက် ရှည်ကာလအတွင်း    ဇမ္ဗူသီရိ မြို့နယ်မှာ      ပိုးတွေ့လူနာဦးရေ နေ့စဉ်စာရင်းအရ     အစပိုင်းမှာ တော့ တော်တော်လေးများတယ်။ နောက်ပိုင်းမှာ နည်းနည်းကျဆင်း သွားတဲ့သဘောမျိုးတော့ ရှိတယ်။ ဒါပေမယ့် သတိထားပြီးစောင့်ကြည့် ရမယ့်   အနေအထားမျိုးရှိတယ်။ စိတ်ချရလောက်အောင် ကျဆင်း သွားတာမျိုးတော့   မဟုတ်သေး ဘူး။    တန့်နေတဲ့   ပုံစံမျိုးပါ။ အောက်ကို     တောက်လျောက် ကျဆင်းသွားတဲ့    ပုံစံမျိုးတော့ မဟုတ်သေးဘူး” ဟု ပြောသည်။
     

ကိုပေါက်(ဥက္ကာမြေ)