ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှင့် ဆေးထိုးအပ်များ မြစ်ကြီးနား၊ စစ်တွေနှင့် သံတွဲမြို့များသို့ တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်တို့ဖြင့် ဆက်လက်ပို့ဆောင်

 

ရန်ကုန်  ဇူလိုင်  ၃၀


လက်ရှိချိန်တွင် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားမှု မြင့်တက် လျက်ရှိပြီး   ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့်    သီးသန့် စောင့်ကြည့်ရမည့်    သူများကို တပ်မတော်ဆေးရုံများ၊  ပြည်သူ့ ဆေးရုံများ၊ ကျန်းမာရေးဌာနများ နှင့်      ကိုဗစ်စင်တာများတွင် ကျန်းမာရေး    စောင့်ရှောက်မှု လုပ်ငန်းများကို တပ်မတော်သား ဆရာဝန်များ၊     ကျန်းမာရေး ဝန်ထမ်းများ၊   လူမှုရေးအသင်း အဖွဲ့များ  ပူးပေါင်း၍  အင်တိုက် အားတိုက်      ဆောင်ရွက်ပေး လျက်ရှိရာ     ယင်းလုပ်ငန်းများ တွင်  အထောက်အကူဖြစ်စေရန် အတွက် ရန်ကုန်မြို့ မင်းဓမ္မလမ်း ရှိ တိုးချဲ့ကာကွယ်ဆေး သိုလှောင် အအေးခန်းတွင်    ထားရှိသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm များနှင့် ဆေးထိုးအပ် များကို        သတ်မှတ်အအေး လမ်းကြောင်း    စံချိန်စံညွှန်းများ အတိုင်း    ယနေ့နံနက်ပိုင်းတွင် တပ်မတော်လေယာဉ်၊    ရဟတ် ယာဉ်တို့ဖြင့် မြစ်ကြီးနား၊ စစ်တွေ နှင့် သံတွဲမြို့များသို့ ပို့ဆောင်ပေး သည်။ 

 


ထိုသို့  ပို့ဆောင်ပေးရာတွင် ကချင်ပြည်နယ်  မြစ်ကြီးနားသို့ Sinopharm    ကိုဗစ်ရောဂါ ကာကွယ်ဆေးပုံးအကြီး တစ်လုံး၊ ဆေးလုံးအရေအတွက် ၈၈ဝဝ ၊ Sinovac ကိုဗစ်ရောဂါ ကာကွယ် ဆေးပုံးအသေးတစ်လုံး၊    ဆေး လုံးအရေအတွက်   ၁၅၇၃  လုံး၊ ဆေးထိုးအပ် ခုနစ်ဖာ၊ အပ်အရေ အတွက် ၂၀၇၄၆ ချောင်းတို့ကို လည်းကောင်း၊   ရခိုင်ပြည်နယ် စစ်တွေမြို့သို့     Sinopharm ကိုဗစ်ရောဂါ    ကာကွယ်ဆေး ပုံးအကြီးသုံးလုံး၊ ဆေးလုံးအရေ အတွက်    ၂၆၄၀၀ ၊   Sinovac ကိုဗစ်ရောဂါ  ကာကွယ်ဆေးပုံး အသေးတစ်လုံး၊   ဆေးလုံးအရေ အတွက် ၇၁၈ လုံး၊ ဆေးထိုးအပ်ဖာ ၁၇ ဖာ၊ အပ်အရေအတွက် ၅၄၂၃၆ ချောင်းတို့ကို    လည်းကောင်း၊ သံတွဲမြို့သို့ Sinopharm ကိုဗစ် ကာကွယ်ဆေးပုံးအကြီး တစ်လုံး၊ ဆေးလုံးအရေအတွက် ၈၈၀၀ ၊ Sinovac ကိုဗစ်ရောဂါ ကာကွယ် ဆေးပုံးအသေး တစ်လုံး၊ ဆေးလုံး အရေအတွက် ၁၃၂ လုံး၊ ဆေးထိုး အပ်ဖာ   ခြောက်ဖာ၊  အပ်အရေ အတွက် ၁၇၈၆၄ ချောင်းတို့ကို လည်းကောင်း အသီးသီးပို့ဆောင် ပေးခဲ့ရာ သက်ဆိုင်ရာ တိုင်းဒေသ ကြီးနှင့်   ပြည်နယ်များအလိုက် တာဝန်ရှိသူများက   လက်ခံရယူ ခဲ့ကြကြောင်းနှင့်   ဆက်လက် ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။      

 

သတင်းစဉ်