ပဲခူးခရိုင်အတွင်းရှိ ပဲခူး၊ သနပ်ပင်၊ ရွှေကျင်မြို့နယ်တို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ

ပဲခူး  ဇူလိုင်  ၂၉

 


ပဲခူးခရိုင်နှင့်   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၏ အနီးကပ်ကြီးကြပ်မှုဖြင့် ယနေ့နံနက်ပိုင်းက စတင်ပြီး ပဲခူး၊ သနပ်ပင်၊  ရွှေကျင်မြို့နယ်များ၌ ဌာနဆိုင်ရာ ဝန်ထမ်းများ၊  အသက် ၆၅ နှစ်အထက်  ပြည်သူများ၊  စေတနာ့ဝန်ထမ်းများအား   သတ်မှတ်စုရပ်နေရာ များတွင်   တရုတ်နိုင်ငံထုတ်   ကိုဗစ်-၁၉  ရောဂါ ကာကွယ်ဆေး  Sinopharm ကို တပ်မတော်မှ ဆေး အဖွဲ့များ၊  ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများ ပူးပေါင်းပြီးထိုးနှံပေးကြကြောင်း သိရ သည်။

 


ကာကွယ်ဆေးထိုးနှံပေး

 


ပဲခူးမြို့နယ်အတွင်း၌     ကိုဗစ်-၁၉  ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင်  နေရာသုံးနေရာခွဲ၍  ဆောင်ရွက်ပေးခြင်းဖြစ်ပြီး  ကာကွယ်ဆေးထိုးရန် ကျန်ရှိသည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်  ၁၀၀  အား  ပဲခူးတိုင်းဒေသကြီး  စီမံအုပ်ချုပ်ရေး ကောင်စီရုံး၌ လည်းကောင်း၊ ပထမအကြိမ်ထိုးနှံမည့်  အသက်  ၆၅ နှစ်အထက် ပြည်သူ ၃၁၉၄၃ ဦးအနက်မှ ၁၃၃ ဦးအား ပဲခူးမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန(ဒေသန္တရ)နှင့် မြို့တော်ခန်းမတို့၌ လည်းကောင်း၊ စေတနာ့ဝန်ထမ်း ၂၅ ဦးအား   မြို့တော်ခန်းမ၌ လည်းကောင်း  ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။


ထို့အတူ သနပ်ပင်မြို့နယ်အတွင်းရှိ သတ်မှတ် စုရပ်နေရာများ၌လည်း မြို့နယ်အတွင်းရှိ အသက် ၆၅ နှစ်အထက် ပြည်သူ ၁၀၀၃၁ ဦးအနက်မှ ၇၀ နှင့် စေတနာ့ဝန်ထမ်း ကိုးဦးတို့အား သနပ်ပင်မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့၏ အနီးကပ်ကြီးကြပ်မှု ဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ စတင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

 


ရွှေကျင်မြို့နယ်အတွင်းရှိ မြို့တော်ခန်းမ၊ မြို့နယ် အားကစားခန်းမနှင့် ခုတင်(၁၀၀)ပြည်သူ့ဆေးရုံတို့ ၌ မွန်းတည့် ၁၂ နာရီမှစ၍ တပ်မတော်ဆေးအဖွဲ့ နှင့် ကျန်းမာရေးဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ် ရေးဝန်ထမ်းများ ပူးပေါင်းပြီး အသက် ၆၅ နှစ်နှင့် အထက် ပြည်သူ ၆၄၀၀ အနက်မှ ၁၄၆ ဦး၊  စေတနာ့ ဝန်ထမ်း  ၁၁၅  ဦးအနက်မှ  ၂၆ ဦးတို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး  ထိုးနှံပေးခဲ့ကြောင်း  သိရ သည်။

 


ခရိုင်(ပြန်/ဆက်)