
မော်လမြိုင် ဇူလိုင် ၂၈
မွန်ပြည်နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မွန်ပြည်နယ် စီမံအုပ်ချုပ် ရေးကောင်စီ ဥက္ကဋ္ဌ ဦးဇော်လင်း ထွန်းနှင့် ကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယနေ့ မွန်းလွဲ ၃ နာရီက မော်လမြိုင်မြို့ မြဆည်းဆာ ဘိုးဘွားရိပ်သာနှင့် တောင်ဝိုင်း ဘိုးဘွားရိပ်သာတို့တွင် ကျန်းမာရေးဝန်ထမ်းများ၊ ဌာန ဆိုင်ရာ ဝန်ထမ်းများ၊ ပရဟိတ စေတနာ့ဝန်ထမ်း များက သက်ကြီးဘိုးဘွား ၁၀၀ ဦးတို့ ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးမှု အခြေအနေအား သွားရောက် ကြည့်ရှု၍ အားပေးစကား ပြော ကြားပြီး အာဟာရဖြည့် အစားစာ များ လှူဒါန်းပေးသည်။
မွန်ပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အလုံးရေ ကိုးသောင်းကျော် ထိုးနှံပေးသွား မည်ဖြစ်ကာ ဆက်လက်၍ Stan-dard Operartion Procedure (SOP) (၁၂) ချက်အညီ သက်ဆိုင် ရာ မြို့နယ်များအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံ နိုင်ရေး လူဦးရေစာရင်းများ ကောက်ယူ၍ ကျန်းမာရေး ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်း များ၊ ပရဟိတ စေတနာ့ဝန်ထမ်း များက ကာကွယ်ဆေးထိုးနှံနိုင်ရေး ဝိုင်းဝန်းကူညီကြရေး စီစဉ်ဆောင်ရွက်ထားကြောင်း သိရ သည်။
ခရိုင်(ပြန်/ဆက်)