
မော်လမြိုင် ဇူလိုင် ၂၅
မွန်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်း နှင့် ကောင်စီဝင်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယနေ့ နံနက် ၉ နာရီခွဲက မော်လမြိုင်မြို့ ကျောက်တန်း စက်ရုံစု၌ ကိုဗစ်-၁၉ ပိုးတွေ့ လူနာများအတွက် လိုအပ် သည့် အောက်ဆီဂျင် အရည်ကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ စီစဉ်မှုဖြင့် မွန် ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီမှ ဆောင်ရွက်သည့် မွန် ပြည်နယ်အတွက် ပထမဦးဆုံး အကြိမ် Liquid Oxygen ၅ တန် ဆံ့ ယာဉ်ကို ကိုးကန့်လူမှုဖွံ့ဖြိုးရေးအသင်းမှ လှူဒါန်းမှုကို လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်း လွှာ ပြန်လည်ပေးအပ်သည်။
ဆက်လက်၍ ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် မော်လမြိုင်အထွေထွေရောဂါကု ပြည်သူ့ဆေးကြီးရှိ Isolation Ward-1 ၊ Isolation Ward-3 ၊ ပရိယတ္တိ ဓမ္မဗိမာန်တော်ကြီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများတွင် ကူညီဆောင် ရွက်ပေးသူများကို ထောက်ပံ့ရေး ပစ္စည်းများ ပေးအပ်သည်။
မွန်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကိုဗစ်-၁၉ ပိုးတွေ့လူနာများအတွက် လိုအပ် သည့် အောက်ဆီဂျင်များ၊ ကျန်းမာရေးသုံးပစ္စည်းများအပြင် အခြား လိုအပ်သည်များကို ထောက်ပံ့ပေး လျက်ရှိပြီး အဆိုပါပိုးတွေ့ လူနာ များ ထားရှိရာနေရာများဖြစ်သည့် မော်လမြိုင်မြို့ အထွေထွေရောဂါ ကု ဆေးရုံကြီးရှိ Isolation Ward-1 ၊ Isolation Ward- 3 ၊ မော်လမြိုင် တက္ကသိုလ် (၁၀) မြို့နယ်ဆောင်၊ ပရိယတ္တိ ဓမ္မဗိမာန်တော်ကြီးတို့ တွင်လည်း တပ်မတော်ဆေးဘက် ဆိုင်ရာ သမားတော်များ၊ ကျန်းမာ ရေးဦးစီးဌာနမှ ဆရာဝန်များ၊ ပရဟိတအဖွဲ့များက ဝိုင်းဝန်း ကူညီ ဆောင်ရွက်ပေးသကဲ့သို့ ပြင်ပပုဂ္ဂလိက ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများက လည်း ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)