
ဒေါက်တာမောင်ကျော်၊ ပါမောက္ခချုပ်(ငြိမ်း)
(ယမန်နေ့မှအဆက်)
၁၉၅၃ ခုနှစ်မှာ အမေရိကန်သိပ္ပံပညာရှင် ဂျိမ်းစ် ဝက်(တ်)ဆန် (James Watson) နဲ့ ဗြိတိသျှ ပါမောက္ခ ဖရန်စစ်ခရစ်(က်) (Francis Crick) တို့ ဟာ မျိုးရိုးဗီဇအခြေခံဖြစ်တဲ့ ဒီအောက်ဆီရိုင်ဗိုနျူကလီးယစ်အက်စစ် (Deoxyribonucleic Acid) (DNA) ကို တွေ့ရှိခဲ့တာဟာ တိုးတက်မှုကြီးပဲ။ သိပ္ပံ နဲ့နည်းပညာလမ်းကြောင်းပေါ်က DNA ဟာ အနာ ဂတ် အပြောင်းအလဲကြီးဖြစ်နိုင်တဲ့ ၂၁ ရာစုဟာ မျိုးရိုးဗီဇခေတ် (Genome) ဂျီနှုန်းခေတ်ပဲ။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ ဆက်စပ်ယှက်နွှယ်နေတဲ့ ပညာရေးဟာလည်း ဟန်ချက်ညီညီ ပြုပြင်ပြောင်းလဲ ရမှာဖြစ်ပါတယ်။
၁၉၅၇ ခုနှစ် အောက်တိုဘာ ၄ ရက်မှာ ဆိုဗီယက်က စပွတ်နခ် (Sputnik) ဂြိုဟ်တုတစ်လုံး ကောင်းကင်မှာလွှတ်တင်တော့ ကျွန်တော်တို့ ကလေးဘဝမှာ အံ့သြပြီး မော့ကြည့်ခဲ့တာ အမော တကော တစ်မျှော်တစ်ခေါ်ပါပဲ။
အင်တိုက်အားတိုက် မောင်းနှင်ခဲ့
စပွတ်နခ် (Sputnik) ဂြိုဟ်တုကိစ္စဟာ သိပ္ပံနဲ့ နည်းပညာ၊ စစ်ရေးနဲ့ စီးပွားရေးထိ တာသွားတာ မြင်တဲ့ အမေရိကန်တို့ဟာ ဆိုဗီယက်ပညာရေးကို လေ့လာခဲ့တယ်လို့ ဖတ်ရှုရပါတယ်။ ထိုကာလများ က အမေရိကန်တို့ရဲ့ လိုအင်တစ်ခုကတော့ ကာကွယ်ရေး၊ စစ်ရေးအတွက် ကောင်းကင်ယံမှာ ဆိုဗီယက်တို့ကဲ့သို့ ပါဝင်နိုင်ရေး NASA (National Aeronautics and Space Administration) ကဲ့သို့ ပြည်သူ့အဖွဲ့အစည်းတစ်ရပ် သုတေသနတွေလုပ်ဖို့ လုပ်နိုင်ဖို့ အမေရိကန်တက္ကသိုလ်တွေဟာ ငွေအား တွေရယူပြီး တက္ကသိုလ်သုတေသီတွေကို မွေးထုတ် ခဲ့ပါတယ်။ အမေရိကန်တို့ဟာ ၁၉၆၀ ပြည့်နှစ် နောက်ပိုင်းမှာ သူတို့ရဲ့ တက္ကသိုလ်ပေါင်း ၂၀၀၀ ကျော်ထိ ဖွင့်လှစ်ပြီး ကျောင်းသား ၃.၆ သန်းကို သိပ္ပံနှင့်နည်းပညာနယ်ပယ်မှာ ဇောက်ချ သင်ပေးခဲ့ ပါတယ်။ အမေရိကန်တို့ဟာ “Education for all, Science for all” အတွက် ၁၉၆၅ ခုနှစ်မှာ တစ်နိုင်ငံ လုံးကို အင်တိုက်အားတိုက် မောင်းနှင်ခဲ့ပါတယ်။ ပြည်တွင်းငြိမ်းချမ်းမှုရှိတော့ လူအားငွေအားတွေ ပုံအောပြီး သုံးနိုင်ခဲ့ပါတယ်။
n မြန်မာဆိုရှယ်လစ်လမ်းစဉ်ခေတ်မှာ သိပ္ပံ နဲ့ နည်းပညာကို ဦးစားပေး သင်ကြားမည် ဆိုတဲ့ ပေါ်လစီချခဲ့ပါတယ်။ ကျွမ်းကျင်မှု အမယ်စုံ (Skilled based) ရရှိရေးအတွက် ဒေသကောလိပ်တွေ ဖွင့်လှစ်ခဲ့ပါတယ်။ သိပ္ပံပညာရပ်တွေမှာ ထူးချွန်ရေး လူရည်ချွန် စီမံကိန်းလည်း ပေါ်ပေါက်ခဲ့ပါတယ်။
ယနေ့အချိန်အခါမှာ အမေရိကန်နိုင်ငံက တက္ကသိုလ်၊ ကောလိပ်ပေါင်း ၃၅၀၀ ကျော် ရှိပါတယ်။ လူဦးရေက သန်း ၃ဝဝ ဆိုပါစို့။ ကျွန်တော်တို့နိုင်ငံက လူဦးရေ ၅၄ သန်းထားပါ၊ ဒီအချိုးအရ ကျွန်တော်တို့ ဟာ တက္ကသိုလ်၊ ကောလိပ်ပေါင်း ၄ဝဝ ကျော် လိုပါ လိမ့်မယ်။ အရေအတွက်ကိုပဲ ကျွန်တော်တို့ လုပ်ရပါ ဦးမယ်။
အင်္ဂလန်ထက် ပိုပြီးချမ်းသာ
သယံဇာတမရှိတဲ့ စင်ကာပူနိုင်ငံ၊ ထိုင်ဝမ်တို့ဟာ လွန်ခဲ့တဲ့ နှစ် ၇ဝ-၈ဝ က ဆင်းရဲခဲ့ပါတယ်။ ၁၉၇၄ ခုနှစ်မှာ ထိုင်ဝမ်ဟာ တက္ကသိုလ်ဝင်ခွင့်ကို ပြင်းပြင်း ထန်ထန် တင်းကျပ်ခဲ့ပါတယ်။ စာတတ်မြောက်ရေး ထက် တစ်ဆင့်တက်ပြီး သိပ္ပံပညာတတ်မြောက်ရေး ကို အလေးထား ဆောင်ရွက်ခဲ့ပါတယ်။ စက်ရုံတွေ ကြီးထွားလာခဲ့ပါတယ်။ စင်ကာပူကတော့ ပထဝီ အနေအထား အချက်အချာကျပုံကို သိတဲ့အတွက် မဖြစ်စလောက်သော သယံဇာတကို အားမကိုးတော့ ဘဲ စီးပွားဖြစ်မယ့် ပညာ၊ စီမံခန့်ခွဲမှုပညာတွေကို ထိထိရောက်ရောက် ကြပ်ကြပ်မတ်မတ်သင်ပေး တာကြောင့် အင်္ဂလန်ထက် ပိုပြီးချမ်းသာသွားပါ တယ်။
ကမ္ဘာကို ဒီလို ပြောကြား
ယနေ့ တိုးတက်ပြီ၊ ချမ်းသာပြီဆိုတဲ့ နိုင်ငံတွေ ဟာ ဒီလိုပဲ အမြဲတိုးတက် ချမ်းသာမြဲ ချမ်းသာနေကြ မှာလား။ ဆင်းရဲတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေဟာလည်း အမြဲပဲ ဒုက္ခပင်လယ်ဝေနေဦးမှာလား။ ဒီလိုအမြဲ မဟုတ်ကြပါဘူး။ လူတိုင်း၊ နိုင်ငံတိုင်းမှာ ဆင်းရဲသည် ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ စိန်ခေါ်မှုတွေရှိသလို အခွင့်အလမ်း တွေလည်း ရှိတယ်ဆိုတာသိဖို့၊ ရှုဖို့၊ စဉ်းစားဖို့၊ သင်ယူဖို့က အဓိကကျကြောင်း အာဖရိကကျေးလက် ပုံပြင်လေးက ကမ္ဘာကို ဒီလို ပြောကြားလိုက်ပါတယ်။
“နံနက်အချိန်ရောက်တိုင်း သမင်၊ ဒရယ်၊ ချေ(ဂျီ)ငယ်လေးတွေက အိပ်ရာကထ၊ စဉ်းစား ကြပါတယ်။ တို့တစ်တွေ အသက်ရှင်ဖို့ဆိုရင် အလွန်လျင်မြန်တဲ့ ကျား၊ ကျားသစ်၊ ခြင်္သေ့တွေ ထက် ပို၍မြန်အောင် ပြေးနိုင်မှ ဖြစ်မယ်။ အာဖရိကလွင်ပြင်နဲ့ တောင်ကုန်းပေါ်က သားရဲ တိရစ္ဆာန် သတ္တဝါကြီးတွေကလည်း စဉ်းစားပြန် တယ်။ တို့တစ်တွေ အစာပြတ်လို့မဖြစ်ဘူး။ အပြေးနှေးတဲ့ သတ္တဝါလေးတွေထက် မြန်မြန် ပြေး သားကောင်ဖမ်းနိုင်မှ ငတ်မွတ်ခေါင်းပါး ခြင်းမှ ကင်းဝေးမယ်တဲ့။”
ဒီပုံပြင်လေးကပြောတဲ့စကားကို နိုင်ငံကြီးငယ် မဟူ ရှေ့ရေးအတွက် မှတ်ယူကျင့်သုံးကြတာကို တွေ့ရပါတယ်။ ကြီးငယ်မဟူ သတ္တဝါတွေဟာ တောကြီး တောင်ကြီးထဲမှာ ရပ်တည်နိုင်ဖို့ သင်ယူ ကြရတာချည်းပဲ။
n မြန်မာနိုင်ငံရဲ့ ပန်းတိုင်ကတော့ ၂၀၃၀ ပြည့်နှစ်မှာ ဝင်ငွေအလယ်အလတ်မြင့်တဲ့ နိုင်ငံဖြစ်ဖို့ တစ်နိုင်ငံလုံးက ဆောင်ရွက်ကြ ရပေမည်။ မြန်မာနိုင်ငံရဲ့ လူဦးရေဟာ ၅၄ သန်း ၀.၈၉ ရာခိုင်နှုန်းနဲ့ နှစ်စဉ် တိုးတက် နေပါတယ်။ လုပ်သားအင်အားစုနဲ့ ၅၂ ရာခိုင်နှုန်းသော လယ်ယာလုပ်သားက တိုင်းပြည်ရဲ့ ဂျီဒီပီ ၃၆ ရာခိုင်နှုန်းကို ထုတ် ပေးနေပါတယ်။ သယံဇာတမျိုးစုံကို ထုခွဲ ရောင်းချရတဲ့အပေါ် နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက် မှုဟာ ဒီနေ့ထိ မူတည်နေဆဲဖြစ်ပါတယ်၊၊
n မြန်မာ့လယ်သမားအင်အားကို ခေတ်မီ အင်အားစုဖြစ်ဖို့ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး တွေမှာ လက်ရှိဖွင့်လှစ်ထားတဲ့ တက္ကသိုလ် တွေမှာ ဆန်စပါး စိုက်ပျိုး၊ ငါးမွေးမြူရေး မဟာဌာနကြီးတွေအဖြစ် ပြောင်းလဲသင့်က ပြောင်းလဲရမှာ ဖြစ်ပါတယ်။ ရေမြေသဘာဝ ရဲ့ တကယ့်တောင်းဆိုမှုကို အဲဒီ တက္ကသိုလ် တွေက ဖြည့်ဆည်းပေးခြင်းဟာ ကိုယ့် ဒေသ လိုအပ်တဲ့ လူ့စွမ်းအား အရင်းအမြစ် ဘွဲ့ရတွေ အိုးမခွာ အိမ်မခွာရဘဲ ကိုယ့် တက္ကသိုလ်၊ ကိုယ့်ဒေသကို ချစ်မြတ်နိုးသူ တွေ ခေတ်မီလယ်သမား သူဌေးကြီးတွေ ပေါ်ထွန်းလာမှာ ဖြစ်ပါတယ်။ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ရဲ့ ဆန်တင်ပို့မှုကို ပြန်လည်ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံတက္ကသိုလ်များရဲ့ ပညာရေးဟာ အရေးပါ ပညာရှင်များရဲ့တာဝန်တွေဟာလည်း ၂၁ ရာစုမှာ ပို၍ ကျယ်ဝန်းနက်ရှိုင်းလာပါတယ်။ တက္ကသိုလ်များဟာ သူတည်ရှိရာဒေသရဲ့ ကြွယ်ဝမှု အသီးသီးကို ပိုင်ဆိုင်ထားကြပါတယ်။ တက္ကသိုလ် များက သူတည်ရှိရာဒေသ လူ့အဖွဲ့အစည်းအတွက် ပညာတတ်မြောက်မှု၊ ကျွမ်းကျင်မှုနှင့် ဖန်တီးနိုင်မှု တွေမှာ မြင့်မားနိုင်သမျှမြင့်မားအောင် တောင်းဆိုမှု တွေကို ပြည့်စုံနိုင်သမျှ ပြည့်စုံအောင်ဖန်တီးပေးရ မှာဖြစ်ပါတယ်။
တက္ကသိုလ်က ဖြည့်ဆည်းပေး
ဥပမာတစ်ခုအနေနဲ့ တင်ပြရရင် ကချင်ပြည်နယ် ဟာ မြန်မာနိုင်ငံမြောက်ဖျား ဆီးနှင်းတွေဖုံးအုပ်တဲ့ တောင်တန်းကြီးနှင့် စိမ်းလန်းစိုပြည်တဲ့ သစ်တော ကြီးက စီးဆင်းတဲ့ရေဟာ အကောင်းဆုံးပဲ။ ကမ္ဘာက ကြိုက်နှစ်သက်လောက်တဲ့ (Mineral water) သဘာဝဓာတ်တွေ ပါဝင်တဲ့ရေဖြစ်ပါတယ်။ ရေသန့် စက်ရုံ မလိုလောက်အောင် ကောင်းတဲ့ရေဖြစ်ပါ တယ်။ ရေသန့်ကို မြစ်ကြီးနားအထက်မှာထုတ်၊ တရုတ်ယူနန် ဘက်ကိုပို့၊ ဧရာဝတီမြစ်ကြောအတိုင်း နိုင်ငံအလယ်ပိုင်းသို့ ပို့ဆောင်ရင် စီးပွားဖြစ်ပြီပဲ။ သစ်သီးဝလံတွေဟာလည်း လတ်ဆတ်၊ ပွင့်တဲ့ ပန်းမန်တွေကလည်း အမျိုးစုံတဲ့အပြင် သစ်ခွတွေ ကလည်း ထူးခြားတဲ့ ဂုဏ်အင်တွေ ရှိပါတယ်။ စီးပွား ဖြစ်မည့် လုပ်ငန်းတွေရဲ့ လိုအပ်ချက်ဖြစ်တဲ့ သုတေသနတွေကို မြစ်ကြီးနားတက္ကသိုလ်က ဖြည့် ဆည်းပေးရလိမ့်မယ်။
n ကချင်ပြည်နယ်ရဲ့ ကြွယ်ဝမှုကို နက်နက်နဲနဲ နားလည်ပြီး၊ လူထုကို လွှဲပြောင်းပေးနိုင်ရင် မြစ်ကြီးနားတက္ကသိုလ်ဟာ ကချင်ပြည်နယ် လူ့အဖွဲ့အစည်းရဲ့ အရင်းအမြစ်ပဲ။ ဒီလူ့ အဖွဲ့အစည်းဟာလည်း မြစ်ကြီးနား တက္ကသိုလ်ရဲ့ အရင်းအမြစ်ဖြစ်ပြီမို့ တက္ကသိုလ်နှင့် လူ့အဖွဲ့အစည်းဟာ တစ်သားတည်းဖြစ်လာမှာ ဖြစ်ပါတယ်။
ကောင်းပါပြီ…သင့်အား တစ်စုံတစ်ယောက် သောသူက နိုင်ငံတကာသို့ ပန်းတင်ပို့ရောင်းချဖို့ နိုင်ငံတစ်နိုင်ငံအား ရွေးပေးပါဆိုလျှင် ရေမြေ ရာသီ ဥတု ကောင်းမွန်တဲ့နိုင်ငံ၊ လုပ်အားခသက်သာတဲ့ နိုင်ငံ၊ ပူနွေးတဲ့နိုင်ငံကို ရွေးချယ်ကောင်း ရွေးချယ်ပါ လိမ့်မယ်။ တကယ်တော့ အဲဒီလို မဟုတ်တော့ပါဘူး။ ဥရောပတစ်ခွင်နဲ့ ကမ္ဘာကို ပန်းတင်ပို့တဲ့နိုင်ငံဟာဟော်လန်ဖြစ်နေပါတယ်။ ဟော်လန်ဟာ ပန်းစိုက် ကျွမ်းကျင်ပါတယ်။
စွမ်းရည်မြင့်မားမှ အရာရာအောင်မြင်
ဟော်လန်ဟာ နိုင်ငံငယ်ငယ်လေး ဆီးနှင်းတွေ ရှိတဲ့ နိုင်ငံဖြစ်နေပါတယ်။ ဒါကို ပန်းမျိုးစုံတွေက မနှစ်သက်ကြတော့ ဖန်လုံအိမ် အာနိသင်ရှိအောင် ဖန်တီးပြီး ပန်းတွေ စိုက်ပါတယ်။ ပါမောက္ခများက လည်း ပန်းတွေလှအောင်၊ ကြာရှည်ခံအောင် သုတေသနတွေလုပ်၊ သူ့နိုင်ငံရဲ့ လိုအပ်ချက်ကို ပါမောက္ခတွေက ဖြည့်ဆည်း၊ ပြည်သူနဲ့အစိုးရက လည်း အဲဒီပါမောက္ခတွေကို ဂုဏ်ပြုပါတယ်။ ဟော်လန်ရဲ့ ထူးခြားချက်တစ်ခုကတော့ စီမံခန့်ခွဲမှု စွမ်းရည် မြင့်မားခြင်းပဲ။ ရှီဖိုလ်လေဆိပ် (Schiphol airport) ရဲ့ဝန်ဆောင်မှု၊ စီမံခန့်ခွဲမှုဟာ ဥရောပမှာ အမြင့်မားဆုံးပဲ။ ဝန်ဆောင်မှုစီးပွားရေးဟာ ဘက် ပေါင်းစုံတော်မှ၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှု စွမ်းရည်မြင့်မားမှ အရာရာအောင်မြင်တာ ဖြစ်ပါတယ်။
n ကျွန်တော်တို့နိုင်ငံဟာ နိုင်ငံကြီး နှစ်နိုင်ငံ ကြားမှာရှိလို့ အချက်အချာလည်းကျ၊ သယံဇာတလည်း ကြွယ်ဝဆိုပြီးငြိမ်နေရုံနဲ့ဘာမှဖြစ်မလာပါဘူး။ သယံဇာတမျိုးစုံ ကို တန်ဖိုးမြှင့်ထုတ်ပေးခြင်း၊ လူသား အရင်းအမြစ်ရဲ့ အရည်အသွေး၊ အရည် အချင်း၊ ကြံရည်ဖန်ရည်၊ စိတ်ကောင်း စေတနာကောင်းနဲ့ စွမ်းဆောင်ရည်၊ တရား မျှတမှုနဲ့ ကိုယ်ချင်းစာတရားတွေကိုလည်း တိုးတက်ပွားများအောင် ဆောင်ကြဉ်းပေး ခြင်းအားဖြင့် အေးချမ်းသာယာတဲ့လူမှုဘဝ ကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်၊၊
n သဘာဝအရင်းအမြစ်ကိုလည်း အားကိုး၊ ပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်း၊ လုံ့လ ဝီရိယလည်းပါ၊ ပညာအမြော်အမြင်နဲ့ ပေါင်းစပ်၊ ရေရှည်ဖွံ့ဖြိုးတိုးတက်ဖို့ နည်း ပညာနဲ့ တွဲသုံးလိုက်ရင် ဧကန်မုချ ဖွံ့ဖြိုး တိုးတက်ချမ်းသာလာမယ်လို့ ဆိုချင်ပါ ကြောင်း မေတ္တာဖြင့်ရေးသား တင်ပြအပ်ပါ တယ်။
အို မြန်မာတို့ . . . ရှုလော့ . . . စဉ်းစားကြလော့ . . . သင်ယူကြလော့ . . . အားကုန်ထုတ်၍ အလုပ် လုပ်ကြလော့ . . .။ ။
- Log in to post comments