
နေပြည်တော် ဇူလိုင် ၂၄
ဧရာဝတီတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ထိန်းချုပ်ရေး အရေးပေါ်တုံ့ပြန်ရေးကော်မတီ အစည်းအဝေးကို ယနေ့မွန်းလွဲ ပိုင်းတွင် ဧရာဝတီတိုင်းဒေသ ကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပ ရာ(ယာပုံ)တိုင်းဒေသကြီး စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးရဲမြင့်၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာ ရေး ဦးစီးဌာနမှူး ဒေါက်တာ ဇော်မင်းထွန်း၊ စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ဖိတ် ကြားထားသူများ တက်ရောက် ကြသည်။
ဦးစွာ တိုင်းဒေသကြီး စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားပြီး တိုင်းမှူးက လိုအပ်သည် များ ဖြည့်စွက်မှာကြားသည်။ ထို့နောက် တက်ရောက်လာကြ သူများ၏ တင်ပြချက်များအပေါ် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့် တိုင်းမှူးတို့က လိုအပ်သည်များ ညှိနှိုင်းဆောင် ရွက်ပေးသည်။
အလားတူ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ကုသရေး လုပ်ငန်းများ တွင် ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းများ၊ နှီးနွှယ်အသင်းအဖွဲ့ များ ပူးပေါင်းပါဝင်ကူညီနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် အဆိုပါခန်းမ၌ ဆက်လက်ကျင်းပရာ တိုင်းဒေသ ကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် တိုင်းမှူးတို့က အမှာ စကားပြောကြားကြပြီး တက် ရောက်လာကြသူများ၏ ဆွေးနွေး တင်ပြချက်များအပေါ် လိုအပ် သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်