ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ စည်းဝေး

 

ဟားခါး  ဇူလိုင်  ၂၃


ချင်းပြည်နယ်      ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်   အရေးပေါ် တုံ့ပြန်ရေး   ကော်မတီလုပ်ငန်း အစည်းအဝေးကို ဇူလိုင် ၂၁ရက်က  ချင်းပြည်နယ် ဟားခါးမြို့ရှိ ပြည် နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌  ပြုလုပ်ရာ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ     ဦးငွန်ဆန်းအောင်၊ အနောက်မြောက်တိုင်း   စစ်ဌာန ချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်၊        ပြည်နယ်စီမံ အုပ်ချုပ်ရေး   ကောင်စီဝင်များ၊  ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီ အတွင်းရေးမှူးနှင့် ချင်းပြည်နယ် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေး ပေါ်တုံ့ပြန်ရေးကော်မတီမှ တာဝန် ရှိသူများ  တက်ရောက်ကြသည်။

 


အစည်းအဝေးတွင်  ပြည်နယ် ကျန်းမာရေးနှင့်   ကုသရေးဦးစီး ဌာနမှ ဒေါက်တာအောင်မြင့်ဦးနှင့် ဟားခါး     ပြည်သူ့ဆေးရုံအုပ် ဒေါက်တာရန်နိုင်တို့က နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက  ချင်း ပြည်နယ်အတွက် ပေးပို့လာသော ရောဂါ   ကာကွယ်ရေးဝတ်စုံ ၊ နှာခေါင်းစည်း၊   လက်ဆေးရည် စသည့်     ကိုဗစ်−၁၉    ရောဂါ ကာကွယ်ရေးပစ္စည်းများရောက်ရှိမှုနှင့် ဖြန့်ဝေဆောင်ရွက်ရမည့် အခြေအနေ၊    ကိုဗစ်−၁၉ ရောဂါ ကာကွယ်      တားဆီးရေးနှင့် ကုသရေးလုပ်ငန်း   ဆောင်ရွက် ထားရှိမှု၊     လက်ရှိအချိန်ထိ ချင်းပြည်နယ်အတွင်း ကိုဗစ်−၁၉ ရောဂါ စစ်ဆေးတွေ့ရှိမှု၊  ကုသမှု နှင့်  သေဆုံးမှုအခြေအနေတို့ကို လည်းကောင်း၊   တက်ရောက် လာကြသော  ဌာနဆိုင်ရာများက ဌာနဆိုင်ရာအလိုက် ကိုဗစ်−၁၉ ရောဂါကာကွယ်ရေးနှင့် တုံ့ပြန် ရေးလုပ်ငန်း    ဆောင်ရွက်ထားရှိမှု တို့ကို      ရှင်းလင်းတင်ပြရာ  ပြည်နယ်     စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့်    အနောက် မြောက်တိုင်းစစ် ဌာနချုပ် ဒုတိယ တိုင်းမှူးတို့က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းပေးပြီး  ဟားခါး မြို့နှင့်       မင်းတပ်မြို့တို့တွင်  Oxygen  Plant  တစ်ခုစီ ၊ Oxygen Plant ထားရှိမည့် အဆောက်အအုံ တစ်လုံးစီနှင့် Oxygen ၄၀ လီတာ ဘူး ၃၀၀  တို့အတွက်   ရန်ပုံငွေ ရရှိနိုင်ရေးတို့ကို      ဆွေးနွေး ကြကြောင်း သိရသည်။


ခရိုင်(ပြန်/ဆက်)