နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ် ၁၄၇/၂၀၂၁အရ ပြည်အကျဉ်းထောင်မှ အချုပ်သား အချုပ်သူ ၂၅ ဦး လွှတ်ပေး

 

ပြည် ဇူလိုင် ၂၂


နိုင်ငံတော်      စီမံအုပ်ချုပ်ရေး ကောင်စီ၏   အမိန့်အမှတ် ၁၄၇/၂၀၂၁  အရ   ၂၀၂၁  ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နှင့် ယင်းနေ့ မတိုင်မီကာလအတွင်း ပြစ်မှုများ အနက်   သတ်မှတ်ချက်ကိုက်ညီ သော      ပြည်အကျဉ်းထောင်မှ အချုပ်သား အချုပ်သူ  ၂၅   ဦး အား  ယနေ့ညနေ ၄ နာရီခွဲတွင်  လွှတ်ပေးခဲ့ကြောင်း သိရသည်။


အဆိုပါအမိန့်အရ      ပြည် အကျဉ်းထောင်တွင် အချုပ်ကျနေ သည့် သတ်မှတ်ချက်နှင့် ကိုက်ညီ သော ပြည်မြို့နယ်မှ အချုပ်သား အမျိုးသား ၁၈ ဦးနှင့်  အမျိုးသမီး နှစ်ဦး၊    ပန်းတောင်းမြို့နယ်မှ အမျိုးသား ငါးဦး စုစုပေါင်း ၂၅ ဦး လွှတ်ပေးကြောင်းသိရပြီး ယင်းသို့ လွှတ်ပေးရာတွင်   ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ   ဦးသိန်း အောင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ယာယီ ဒုတိယရဲမှူးကြီး တိုးလှိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင် လင်းဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းဇော်ဝင်းနှင့် ထောင်ပိုင်ကြီး ဦးမြသောင်းတို့က          အဆိုပါ ၂၅  ဦးအား  ဆုံးမဩဝါဒစကား ပြောကြားပြီး   ၎င်းတို့၏   နေရပ် အသီးသီးသို့ ပြန်နိုင်ရေးကို စီစဉ် ဆောင်ရွက်ပေးခဲ့ကြောင်း   သိရ သည်။        


ကိုဆက်(ပြန်/ဆက်)