ရွှေသွေးဂျာနယ် ထွက်ရှိ

 

နေပြည်တော်  ဇူလိုင်  ၂၂


ပြန်ကြားရေးဝန်ကြီးဌာန   ပုံနှိပ်ရေးနှင့်  ထုတ်ဝေ ရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ် စနေနေ့ တိုင်း  ရွှေသွေးဂျာနယ်ကို   ထုတ်ဝေဖြန့်ချိလျက် ရှိသည်။


ဇူလိုင်လ ၂၄ ရက် (စနေနေ့)တွင် ထုတ်ဝေမည့် ရွှေသွေးဂျာနယ်တွင် လောကတွင် လူအမျိုးမျိုးရှိပြီး လူသားတိုင်းမရက်စက်တတ်ကြကြောင်း ရေးဖွဲ့ ထားသည့်   “မတူသောလူ”    မျက်နှာဖုံးကာတွန်း၊ ကလေးတို့အနေဖြင့် နားကျပ်ကိရိယာကို အသုံးပြု ခြင်းကြောင့် ရရှိလာနိုင်သော ကျန်းမာရေးဆိုးကျိုး များကို ရေးဖွဲ့ထားသည့် “နားကျပ်ကိရိယာအသုံးပြု ခြင်း၏ အန္တရာယ်” သုတဆောင်းပါး၊ ကလေးတို့ ကိုယ်တိုင် ရေးဆွဲထားသည့် ကာတွန်းလက်ရာများကို တင်ဆက်ထားသည့် “ရွှေသွေးတို့လက်ရာ” ကဏ္ဍ၊ ပန်းဥယျာဉ်လေး၏ အလှဖန်တီးရှင်များ ဖြစ်လာ တော့မည်ဆိုသော ပျားနှင့် လိပ်ပြာတို့အကြောင်း ရေးသားထားသည့်        “အလှဖန်တီးရှင်များ” နှစ်မျက်နှာ  ကာတွန်း၊   ကာတွန်းဇာတ်ကားထဲရှိ ယာဉ်ပျံကြီးကဲ့သို့  ယာဉ်ပျံကြီးကိုစီးကာ   မရောက် ဖူးသေးသော ဒေသများကို သွားချင်မိသော မောင်ဝင်း အကြောင်းကို တင်ဆက်ထားသည့် “ယာဉ်ပျံကြီးကို စီးကာရယ်” ဝတ္ထုကဏ္ဍ၊ ညတစ်ညတွင် မင်းသမီး လေးဝတ်မှုန် အိပ်ရာဝင်ခါနီးအချိန် ကြုံတွေ့ရသော ဆူညံသံအကြောင်းကို ရေးဖွဲ့ထားသည့် “နတ်သမီး လေး ဝတ်မှုန်ရဲ့ ဆူညံတဲ့အိပ်ရာဝင်ချိန်” ပုံပြင်ကဏ္ဍ အပါအဝင် အင်္ဂလိပ်စာစကားဝိုင်းကဏ္ဍ၊ ဉာဏ်စမ်း ကဏ္ဍနှင့်  ကဗျာကဏ္ဍ   စုံလင်စွာဖြင့်   ဖတ်စရာ မှတ်စရာများ ပါရှိကြောင်း သိရသည်။

သတင်းစဉ်