ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆေးနှင့် ပစ္စည်းများ နေ့စဉ်စစ်ဆေးထုတ်ပေးလျက်ရှိ

 

နေပြည်တော်   ဇူလိုင်   ၂၂


အကောက်ခွန်ဦးစီးဌာနအနေဖြင့်  ကိုဗစ်-၁၉   ရောဂါ   ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး   ဆေးနှင့် ပစ္စည်းများအား   လေကြောင်း၊  ဆိပ်ကမ်း၊ နယ်စပ်ဂိတ်အသီးသီး မှ ရုံးပိတ်ရက်ရှည်ကာလအတွင်း  နေ့စဉ်   ရုံးပိတ်ရက်မရှိ  လွယ်ကူ ချောမွေ့စွာ   စစ်ဆေးထုတ်ပေး လျက်ရှိရာ   ဇူလိုင် ၂၂    ရက်တွင် ရန်ကုန်         အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကုမ္ပဏီ  ၆၉  ခုမှ Oxygen Concentrator  ၂၉၆၈ ခု၊  Oximeter   ၁၇၁၈၄    ခု၊ Thermometer ၁၇၈၈ ခု၊ Oxygen Regulator အခု ၁၀၈၀၊ Flow Meter အခု  ၁၀၀၀၊   Nalsa Cannula  ၂၅၀၂ ခု၊ Oxygen Mask အခု ၂၀၀၊ Oxygen Filter အခု  ၅၀၊  နယ်စပ်   (မူဆယ်၊ ချင်းရွှေ ဟော်၊ မြဝတီ၊ တာချီလိတ်) တွင်   ကုမ္ပဏီ   ၃၄ ခုမှ Mask/ Surgical Glove  ၉၉၇၂၅  kg ၊  Liquid Oxygen /  Pure    Oxygen (၁၅၃၉၀.၆၆) m3 ၊   Oxygen Cylinder/ Regulator အခု ၂၂၀၀၊ Oxygen     Plant/   Oxygen Concentrator ၆၉၅၄ ခုတို့အား ထုတ်ပေးခဲ့ပါကြောင်း    သတင်း ရရှိသည်။                

 သတင်းစဉ်