
နေပြည်တော် ဇူလိုင် ၂၂
ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲ အတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့် စောင့်ကြည့်ရမည့်သူ များကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက် တစ်လမ်းမှ အထောက်အကူပြု စေရန်အတွက် တပ်မတော်နှင့် အလှူရှင်များက အောက်ဆီဂျင် အိုးများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ ဆေးရုံများ၊ တပ်မတော်ဆေးရုံ များ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာများသို့ ပေးပို့ လှူဒါန်းလျက်ရှိသည်။
ထိုသို့ လှူဒါန်းလျက်ရှိရာ ဇူလိုင် ၂၁ ရက်နှင့် ယနေ့တို့တွင် နေပြည်တော် ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ်ရှိ အထွေထွေ ရောဂါကုဆေးရုံကြီး (ခုတင်-၁၀၀၀) သို့ အောက်ဆီဂျင်အိုး ၄၉ လုံး၊ ပုဗ္ဗသီရိမြို့နယ်ရှိ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၃၀၀) သို့ အောက်ဆီဂျင် အိုး ၄၅ လုံးနှင့် ပုဗ္ဗသီရိမြို့နယ် ပြည်သူ့ဆေးရုံ (ခုတင်-၅၀) သို့ အောက်ဆီဂျင်အိုး ငါးလုံးတို့ကို နေပြည်တော်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက လည်းကောင်း၊ ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့၊ ဖျာပုံမြို့၊ ဓနုဖြူမြို့၊ မြန်အောင်မြို့၊ ပန်းတနော်မြို့နှင့် လေးမျက်နှာမြို့ တို့ရှိ ပြည်သူ့ဆေးရုံများသို့ အောက်ဆီဂျင်အိုး အလုံး ၂၄၀ တို့ကို အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက လည်း ကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့၊ ပြည်သူ့ဆေးရုံ သို့ အောက်ဆီဂျင်အိုး အလုံး ၆၀ နှင့် လက်ပံတန်းမြို့ ပြည်သူ့ဆေးရုံသို့ အောက်ဆီ ဂျင်အိုး အလုံး ၈၀ တို့ကို တောင်ပိုင်းတိုင်း စစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက လည်းကောင်း အသီးသီးသွား ရောက်လှူဒါန်းကြရာ တာဝန် ရှိသူများက လက်ခံယူကြ သည်။
ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အောက်ဆီ ဂျင် လိုအပ်ချက်များ မရှိစေရေး အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ Oxygen Plant များကို တိုးမြှင့်တပ်ဆင် လည်ပတ်လျက်ရှိပြီး တပ်မတော် အနေဖြင့်လည်း တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးတွင် Oxygen Plant များကို တပ်ဆင်ထုတ်လုပ် ပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်