ကိုဗစ်-၁၉ ရောဂါရှာဖွေစစ်ဆေးသော RT-PCR စက် နှစ်လုံး ရောက်ရှိ

 

နေပြည်တော်    ဇူလိုင်    ၂၂


ကိုဗစ်-၁၉   ရောဂါ  ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ရာ တွင် ရောဂါရှာဖွေခြင်းသည်လည်း အဓိကအခန်းကဏ္ဍတွင်    ပါဝင် လျက်ရှိပြီး ရောဂါပိုးတွေ့ရှိလူနာ များကို    အချိန်မီ     ခွဲခြားကုသ ခြင်းဖြင့်     ရောဂါကူးစက်ပြန့်ပွား မှုကို     ထိန်းသိမ်းနိုင်မည်ဖြစ် သည်။


ထို့ကြောင့် ကိုဗစ်-၁၉ ရောဂါ ရှာဖွေစစ်ဆေးသည့်   စက်များကို တိုးမြှင့် တပ်ဆင်လျက်ရှိရာ နိုင်ငံ တော်  စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်        ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်    ဦးဆောင်သော  ကိုယ်စားလှယ်အဖွဲ့        ရုရှား ဖက်ဒရေးရှင်းနိုင်ငံသို့ သွားရောက် သည့် ခရီးစဉ်အတွင်း ကိုဗစ်-၁၉  ရောဂါရှာဖွေစစ်ဆေးသော RT-PCR စက်များ မှာကြားဝယ်ယူခဲ့ သည်။


 အဆိုပါ ဝယ်ယူခဲ့သော RT-PCR စက် နှစ်လုံးနှင့် Reagent၊ ဆက်စပ်ပစ္စည်းများသည် ယနေ့ တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာသည်။ ရောက်ရှိလာသော      ကိုဗစ်-၁၉ ရောဂါရှာဖွေစစ်ဆေးသော RT-PCR    စက်နှစ်လုံး၊   Reagent၊ ဆက်စပ်ပစ္စည်းများကို တာဝန်ရှိ သူများက   စနစ်တကျ     လက်ခံ လွှဲပြောင်းရယူပြီး     ကိုဗစ်-၁၉ ရောဂါ   ကာကွယ်၊    ထိန်းချုပ်၊ ကုသရေး    လုပ်ငန်းများတွင် ထိရောက်မြန်ဆန်စွာ အသုံးပြု ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။    

 သတင်းစဉ်