အမေရိကန်ပြည်ထောင်စု၌ ကလေးငယ် လေးသန်းကျော် ကိုဗစ်-၁၉ ကူးစက်မှုဖြစ်ပွား

 

ဝါရှင်တန် ဇူလိုင် ၂၂ 


အမေရိကန်ပြည်ထောင်စုတွင် ကလေးငယ် လေးသန်းကျော် ကိုဗစ်-၁၉ ကူးစက်မှုဖြစ်ပွားလျက်ရှိကြောင်း အမေရိကန်   ကလေးဆေးပညာ အကယ်ဒမီ၏  နောက်ဆုံး သတင်းထုတ်ပြန်ဖော်ပြချက်တွင် ဖော်ပြ ထားသည်။ 
ဇူလိုင်   ၁၅  ရက်အထိ    ကလေးငယ်ပေါင်း ၄ ဒသမ ၀၉ သန်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားလျက်ရှိသည်။ လွန်ခဲ့သောလ အနည်းငယ် အတွင်းက ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု လျော့နည်းလာခဲ့ပြီးနောက် ဇူလိုင်လတွင်   ကိုဗစ်-၁၉  ထပ်မံကူးစက်ဖြစ်ပွားမှုများ   ပြန်လည် များပြားလာခဲ့သည်။ 
နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပေါင်း၏ ၁၄ ဒသမ ၂ ရာခိုင်နှုန်းသည် ကလေးများဖြစ်သည်။ 


ဆေးရုံတက်ရောက်ကုသရသော ကလေးငယ်ပေါင်း ၁ ဒသမ ၃ ရာခိုင်နှုန်းမှ ၃ ဒသမ ၆ ရာခိုင်နှုန်းရှိပြီး ၀ ဒသမ ၂၆ ရာခိုင်နှုန်းမှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးခဲ့သည်။ 
ယခုအချိန်တွင် ကိုဗစ်-၁၉ ကြောင့် ကလေးများ ဆိုးဆိုးရွားရွား ပြင်းပြင်းထန်ထန်ခံစားမှု   ရှားပါးသည်။  သို့သော်လည်း   ကလေး များအပေါ် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားပါက ရေရှည်အကျိုးဆက်များနှင့်ပတ်သက်ပြီး  အချက်အလက်များကို ကောက်ယူစုဆောင်းထား သင့်ကြောင်း၊ ထို့ပြင် ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအပေါ်    ဗိုင်းရပ်စ်က    မည်သည့်အတိုင်းအတာအထိ အန္တရာယ် ဖြစ်ပေါ်စေနိုင်ကြောင်းကိုလည်း လေ့လာထားသင့်ကြောင်း အမေရိကန်ကလေးဆေးပညာ အကယ်ဒမီက ပြောသည်။  

ဆင်ဟွာ