နေပြည်တော်ကောင်စီသို့ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများနှင့် အလှူငွေများ လာရောက်လှူဒါန်း

 

နေပြည်တော်  ဇူလိုင်  ၂၂


ပြည်ထောင်စုနယ်မြေ   နေပြည် တော်အတွင်း ကိုဗစ်- ၁၉ရောဂါ ကာကွယ်၊  ထိန်းချုပ်၊  ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင်အသုံးပြုနိုင်ရန်အတွက် ကိုဗစ်-၁၉   ရောဂါကာကွယ်ရေးသုံး ပစ္စည်းများနှင့် အလှူငွေပေးအပ် လှူဒါန်းပွဲကို  ယနေ့မွန်းလွဲပိုင်း တွင်  နေပြည်တော်   ကောင်စီရုံး ဧည့်ခန်းမ၌ ကျင်းပသည်။


လှူဒါန်းပွဲသို့  နေပြည်တော် တိုင်း       စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ဇော်မျိုးတင်၊ နေပြည် တော်ကောင်စီအဖွဲ့ဝင်    ဗိုလ်မှူး ကြီးမင်းနောင်နှင့်  တာဝန်ရှိသူများ တက်ရောက်ကြသည်။


လှူဒါန်းပွဲတွင်     ဦးစိုးသိန်း (သံအမတ်ကြီး-ငြိမ်း)နှင့်   ဇနီး ဒေါ်ခင်ဝင်းကြည်၊    သားသမီးများ ဖြစ်ကြသော    ဦးသန်းနိုင်နှင့် ဒေါ်ဝါဝါမြင့် (TN-21 Co.,Ltd နှင့် Family123 Co.,Ltd) တို့မှ အလှူ ငွေကျပ် ၁၀ သိန်းနှင့် KF94 Mask အရေအတွက် ၁၅၀၀  ၊  Mask အရေအတွက် ၂၀၀၀ ၊  Hand Glove အရေအတွက် ၁၀၀၀ ၊ Hand Gel ဘူးကြီး ၂၀ ၊ Cookies, Jelly Juice ၊ခေါက်ဆွဲနှင့် အာလူး ကြော်ပါဝင်သည့် လေးပုံးတို့ကို ကုမ္ပဏီမှ  တာဝန်ရှိသူများက ပေးအပ်လှူဒါန်းကြရာ  နေပြည် တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်     ဇော်မျိုးတင်နှင့် နေပြည်တော်   ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး    မင်းနောင်တို့က လက်ခံယူပြီး       ကျေးဇူးတင် စကားပြောကြားကာ    ဂုဏ်ပြု မှတ်တမ်းလွှာများ    ပြန်လည် ပေးအပ်ခဲ့ကြောင်း သိရသည်။ 


ခရိုင်(ပြန်/ဆက်)