ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်း

 

နေပြည်တော် ဇူလိုင်   ၂၁


တပ်မတော်(ကြည်း၊  ရေ၊ လေ) အရာရှိ၊   စစ်သည်၊   အရာထမ်း၊ အမှုထမ်းများက တိုင်းစစ်ဌာနချုပ်များအလိုက်    မြို့နယ် အသီးသီး ရှိ   ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင်  သီလရှင်ကျောင်းများ နှင့်     ဘာသာရေးကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊  ဆား၊  ပဲ  အမယ်  လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်း ခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်း ခြင်းနှင့်    ကျန်းမာရေးစစ်ဆေးပေးခြင်း များကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့ တွင်  မွန်ပြည်နယ် မော်လမြိုင်မြို့ ဝဲပျံ ကျောင်းတိုက် နှင့် ရွှေနတ် တောင်ကျောင်းတိုက်၊        မန္တလေးတိုင်း ဒေသကြီး    မန္တလေးမြို့    ချမ်းမြသာစည် မြို့နယ်ရှိ       ဒက္ခိဏရာမဘုရားကြီး ကျောင်းတိုက်၊     အတုလကာရီ ဆင်မင်း ကျောင်းတိုက်နှင့်       တောင်ပြင်ထီးလင်း ကျောင်းတိုက်တို့ရှိ      သံဃာတော်များနှင့်   သာသနာ့နွယ်ဝင်       သီလရှင်များကို ဆွမ်းဆန်တော်၊   ဆီ၊    ဆား၊  ပဲ   အမယ် လေးမျိုး၊  ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ရေး       အထောက်အကူပြုပစ္စည်းများနှင့်   လှူဖွယ်ပစ္စည်းများကို      သက်ဆိုင်ရာ   တိုင်းစစ်ဌာနချုပ်အသီးသီးမှတာဝန်ရှိသူများက သွားရောက်၍  ဆက်ကပ်လှူဒါန်း ခဲ့ကြောင်း  သတင်းရရှိသည်။                         

သတင်းစဉ်