ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်

နေပြည်တော်   ဇူလိုင်    ၂၀


ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း  ဖြစ်ပွားလျက်ရှိပြီး  ရောဂါကူးစက်ပြန့်ပွားမှုမှာ နေ့စဉ်မြင့်တက်လျက်ရှိ သောကြောင့် ရောဂါကူးစက်မှုမခံရစေရေးအတွက် နေပြည်တော်ကောင်စီနယ်မြေ၊  လားရှိုးမြို့၊ ပုသိမ်မြို့၊ တောင်ငူမြို့၊    ကျိုင်းတုံမြို့၊    ဒက္ခိဏသီရိမြို့နယ်၊ မြဝတီ၊ ကမာရွတ်မြို့နယ်၊ မြောက်ဦးမြို့၊ လှိုင်းဘွဲမြို့ နယ်၊ နတ်တလင်းမြို့နယ်၊ မာန်အောင်မြို့၊ ကြည့်မြင် တိုင်မြို့နယ်၊ မိုးညှင်းမြို့၊ မြိတ်မြို့နယ်နှင့် မိုင်းယောင်း မြို့နယ်များ၌  တပ်မတော်သားများ၊  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက အသိပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့ကြသည်။


အသိပေးပန်ကြား


ယင်းသို့ဆောင်ရွက်ရာတွင် အပြင်ထွက်တိုင်း နှာခေါင်းစည်းတပ်ရန်၊ လူစုလူဝေး ရှောင်ရှားရန်နှင့် မပြုလုပ်ရန်၊    လက်ကို  ဆပ်ပြာနှင့်   မကြာခဏ  ဆေးကြောခြင်း၊  လက်သန့်ဆေးရည်ဖြင့်  လက်ကို သန့်စင်ခြင်းများ    ပြုလုပ်ကြရန်၊    မလိုအပ်ဘဲ အိမ်အပြင်သို့ သွားရောက်ခြင်းမပြုလုပ်ရန်၊ ကျန်းမာ ရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊   ကုသရေးဗဟိုကော်မတီမှ   အသိပေး ပန်ကြားချက်များကို  တိကျစွာလိုက်နာရန်စသည့် အသိပေးနှိုးဆော်မှုများကို ပြုလုပ်ဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။


သတင်းစဉ်