
နေပြည်တော် ဇူလိုင် ၂၀
လတ်တလော နိုင်ငံတစ်ဝန်းလုံး၌ ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ကူးစက်ဖြစ်ပွားမှုနှုန်းမြင့်တက်လာခြင်းနှင့်အတူ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အောက်ဆီဂျင်၊ ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ အရေးပေါ်လိုအပ်မှုမှာလည်း မြင့်တက် လျက်ရှိရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေ ဖြင့် အဆိုပါပစ္စည်းများကို အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ပင်လယ်ရေ ကြောင်း ဆိပ်ကမ်းများနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေး ကြန့်ကြာမှုမရှိဘဲ လွယ်ကူလျင်မြန်စွာ တင်သွင်းနိုင်ရေးအတွက် ဆက်စပ် ဝန်ကြီးဌာနများနှင့် ထိထိရောက်ရောက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးလျက်ရှိသည်။
တင်သွင်းနိုင်ခဲ့
ပြည်သူများအရေးပေါ်လိုအပ်လျက်ရှိသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများအား ပြည်ပမှတင်သွင်း မှုကို အများပြည်သူ ရုံးပိတ်ရက်များတွင်လည်း ရပ်ဆိုင်းထားခြင်းမရှိဘဲ ပုံမှန်အတိုင်း လုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိရာ ဇူလိုင် ၂၀ ရက်တွင် အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ပင်လယ်ရေကြောင်းဆိပ်ကမ်းများနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်သည့် မူဆယ်၊ ချင်းရွှေဟော်၊ မြဝတီ၊ တာချီလိတ်၊ မောတောင်စခန်းတို့မှ ကုမ္ပဏီ ၇၆ ခု၊ မော်တော်ယာဉ် ၅၁ စီးဖြင့် အောက်ဆီဂျင်အရည် (Bowser ယာဉ်ဖြင့်) ၄၃ တန်၊ အောက်ဆီဂျင်အရည်(အိုးဖြင့်) ၂၉ တန်၊ Oxygen Generator လေးလုံး၊ အိမ်သုံးအောက်ဆီဂျင်စက် (Oxygen Concentrator) ၃၉၇၈ ခု၊ Test Kit ၂၀၀၀၀၊ နှာခေါင်းစည်း(Mask) ၅၅ တန် တင်သွင်းနိုင်ခဲ့သည်။
ဇူလိုင် ၁၂ ရက်မှ ၂၀ ရက်အထိ မော်တော်ယာဉ် ၂၁၃ စီးဖြင့် အောက်ဆီဂျင်အရည်(Bowser ယာဉ်ဖြင့်) ၃၂၉ တန်၊ အောက်ဆီဂျင် အရည်(အိုးဖြင့်) ၁၁၂ တန်၊ အောက်ဆီဂျင်ဓာတ်ငွေ့ (အိုးဖြင့်) ၆၂ တန်၊ အိမ်သုံးအောက်ဆီဂျင်စက် ၁၅၅၆၁ ခု၊ Test Kit ၁၃၄၅၀၀ ခု၊ နှာခေါင်းစည်း (Mask) တန် ၄၂၀ တင်သွင်းခွင့်ပြုခဲ့ပြီးဖြစ်သည်။
ဝင်ရောက်ကြည့်ရှုနိုင်
မူဆယ်နယ်စပ်မှ တင်သွင်းမည့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများ လွယ်ကူလျင်မြန်စွာရောက်ရှိစေ ရေးအတွက် ကုမ္ပဏီများအနေဖြင့် တင်ပြလျှောက်ထားသည့်စာများတွင် တစ်ဖက်တရုတ်နိုင်ငံရှိဆက်သွယ်ရမည့်သူအမည်၊ ကုမ္ပဏီအမည်၊ တရုတ်ဖုန်းနံပါတ်များကို ထည့်သွင်းဖော်ပြပေးနိုင်ပါရန် အသိပေးထား ကြောင်းနှင့် အကူအညီလိုအပ်ပါက သက်ဆိုင်ရာ ဌာနများအလိုက် ဆက်သွယ်မေးမြန်းနိုင်သည့် တာဝန်ခံ Contact Person များကိုလည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ website ဖြစ်သည့် commerce. gov.mm တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရ သည်။
သတင်းစဉ်