ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာ အစီအစဉ်

ထက်လျှံ

======

 

အစီအစဉ်မှူး။    ။    နိုင်ငံတစ်ဝန်း        ကိုဗစ် - ၁၉ 


        တတိယလှိုင်းဖြစ်ပွားနေတာနဲ့ ပတ်သက်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက် ရောဂါ   တိုက်ဖျက်ရေးဌာနခွဲမှ  ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးနဲ့   တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။
ပထမဦးဆုံးမေးခွန်းအနေနဲ့    ကမ္ဘာ့နိုင်ငံ အသီးသီးမှာ ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားနေမှု အခြေ အနေနဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိလာမည့် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ခြောက်သန်းနဲ့ ပတ်သက် ပြီး      ဘယ်လိုမျိုး        ဆောင်ရွက်ထားတယ်ဆိုတာ သိပါရစေ။


ဒေါက်တာခင်ခင်ကြီး။    ။    ဒီနေ့ဆွေးနွေးမယ့် 


        အကြောင်းအရာက လက်ရှိဖြစ်ပေါ်နေတဲ့     ကိုဗစ် - ၁၉ ကမ္ဘာ့ကူးစက် ရောဂါနဲ့ပတ်သက်ပြီး ကမ္ဘာပေါ်မှာဖြစ်ပွားမှု အခြေ အနေ၊ ကျွန်မတို့ ဒေသတွင်းမှာ ဖြစ်ပွားမှုအခြေအနေ၊ ရောဂါဆိုးကြီးကို    တိုက်ဖျက်တဲ့အခါမှာ   အဓိက အရေးပါတဲ့  အခန်းကဏ္ဍတစ်ခုဖြစ်တဲ့    ကာကွယ် ဆေးတွေရဲ့ အရေးပါပုံ၊ ကာကွယ်ဆေးထိုးနှံခြင်းရဲ့ အကျိုးကျေးဇူးတွေကို   ဆွေးနွေးသွားမှာ   ဖြစ်ပါ တယ်။


ဒါနဲ့တစ်ဆက်တစ်စပ်တည်းမှာ    လူတွေက စိတ်ပူကြတယ်။ အခုဆိုရင် တစ်ကမ္ဘာလုံးမှာ မျိုးရိုး ဗီဇပြောင်းတဲ့ ပိုးတွေက ပျံ့နှံနေတယ်။ ဒီပိုးတွေက ကူးစက်မှုလည်း မြန်တယ်။ ဒီမျိုးရိုးဗီဇပြောင်းတဲ့ ပိုးတွေအပေါ်  ကာကွယ်ဆေးတွေက ထိရောက်မှု ရှိသလားဆိုတာကို အကျယ်တဝင့် ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
ကြိုးပမ်းလျက်ရှိ


ကမ္ဘာပေါ်မှာ    ကိုဗစ် - ၁၉ ရောဂါဟာ   ကမ္ဘာ့ လူသားတွေရဲ့ အသက်တွေကို နုတ်ယူပြီး ခြိမ်းခြောက် လျက်ရှိပါတယ်။  ဒီလိုကမ္ဘာ့ကပ်ရောဂါဆိုးကြီးကို ရင်ဆိုင်တဲ့အခါမှာ ကမ္ဘာသူ/ ကမ္ဘာသားတွေ အကုန် လုံးက  တညီတညွတ်တည်း   ရောဂါဆိုးကြီးကို တိုက်ထုတ်ဖို့အတွက်   ကြိုးပမ်းလျက်ရှိပါတယ်။ လက်ရှိ ကိုဗစ် - ၁၉ ကပ်ရောဂါသည် ကမ္ဘာပေါ်မှာ ရှိတဲ့ နိုင်ငံတိုင်းကို ကူးစက်ပြန့်ပွားလျက်ရှိပါတယ်။


ဒီနေရာမှာ ရောဂါကူးစက်မှုတွေ ဘယ်လောက် ရှိနေပြီလဲဆိုရင်     ရောဂါကူးစက်သူပေါင်း ၁၈၉ သန်းလောက် ရှိနေပြီဖြစ်ပါတယ်။ ဒီရောဂါကြောင့် သေဆုံးသူပေါင်း ၄ သန်းကျော် ရှိနေပြီဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အပတ်စဉ်ထုတ်ပြန်ချက် တွေထဲက  ဇူလိုင်  ၁၅  ရက်   ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုက   ကမ္ဘာပေါ်မှာ ယခင်အပတ်နဲ့ နှိုင်းယှဉ်လို့ရှိရင် ရောဂါဖြစ်ပွားမှုတွေ များပြားနေဆဲ၊  သေဆုံးမှုတွေက   တိုးနေဆဲလို့ ထုတ်ပြန်ထားပါတယ်။
ယခင်အပတ်နဲ့  နှိုင်းယှဉ်ကြည့်ရင်   ရောဂါ ဖြစ်ပွားမှုက ၁၀ ရာခိုင်နှုန်းတိုးပြီး    သေဆုံးမှုက သုံးရာခိုင်နှုန်းတက်ပါတယ်။    ကမ္ဘာ့ဒေသကြီး ခြောက်ခုရှိတဲ့အနက်   အမေရိကဒေသကလွဲပြီး ကျန်တဲ့ဒေသ ငါးခုဖြစ်တဲ့ ဥရောပဒေသ၊ တောင်အာရှ ဒေသ၊ အရှေ့အလယ်ပိုင်းဒေသ၊ အာဖရိကဒေသနဲ့ အနောက်ပစိဖိတ်ဒေသတို့မှာ ရောဂါကူးစက်မှုတွေ က များနေတာကို တွေ့ရှိရပါတယ်။ ဒီဒေသတွေမှာ ဖြစ်ပွားမှုနဲ့ သေဆုံးမှုကများနေဆဲဖြစ်ပါတယ်။


မြင့်မားနေ


အာဖရိကဒေသဆိုရင်    ရောဂါဖြစ်ပွားမှုနဲ့ သေဆုံးမှုက မြင့်မားနေတာကို တွေ့ရပါတယ်။ ယခင် အပတ်နဲ့ နှိုင်းယှဉ်ပါက အာဖရိကဒေသအနေနဲ့ ရောဂါဖြစ်ပွားမှု ငါးရာခိုင်နှုန်းသာရှိပြီး သေဆုံးမှုက ၅၀ ရာခိုင်နှုန်းရှိတယ်ဆိုတာကို တွေ့ရပါတယ်။ အလားတူ ဥရောပဒေသအနေနဲ့ ယခင်အပတ်နဲ့ နှိုင်းယှဉ်ပါက ရောဂါဖြစ်ပွားမှု ၂၀ ရာခိုင်နှုန်းရှိပြီး သေဆုံးမှုက တစ်ရာခိုင်နှုန်း ကျနေပါတယ်။ 


တောင်အာရှဒေသအနေနဲ့ ယခင်အပတ်နဲ့ နှိုင်းယှဉ်ပါက ရောဂါဖြစ်ပွားမှု ၁၆ ရာခိုင်နှုန်း တက်လာပြီး သေဆုံးမှုက ၂၆ ရာခိုင်နှုန်း တိုးလာပါ တယ်။ ဒါက အလေးထားရမယ့်   ကိစ္စရပ်တစ်ခု ဖြစ်ပါတယ်။  သေဆုံးမှုရာခိုင်နှုန်းက  အာဖရိက ဒေသပြီးရင် တောင်အာရှဒေသက ဒုတိယအများဆုံး တိုးလာခြင်းဖြစ်ပါတယ်။
အရှေ့အလယ်ပိုင်းဒေသအနေနဲ့ ယခင်အပတ် နဲ့ နှိုင်းယှဉ်ပါက ရောဂါဖြစ်ပွားမှု ၂၅ ရာခိုင်နှုန်း တက်လာပြီး သေဆုံးမှုက ခုနစ်ရာခိုင်နှုန်း တိုးလာပါ တယ်။  အနောက်ပစိဖိတ်ဒေသအနေနဲ့  ယခင် အပတ်နဲ့ နှိုင်းယှဉ်ပါက ရောဂါဖြစ်ပွားမှု ၁၅ ရာခိုင် နှုန်း တက်လာပြီး သေဆုံးမှုက သုံးရာခိုင်နှုန်းကျနေ တာကို တွေ့ရပါတယ်။
လျော့နည်းနေ


အမေရိကဒေသအနေနဲ့     ယခင်အပတ်နဲ့ နှိုင်းယှဉ်ပါက   ရောဂါဖြစ်ပွားမှုနဲ့  သေဆုံးမှုက လျော့နည်းနေပါတယ်။     ဘာကြောင့်ယခုလို လျော့နည်းရသလဲဆိုရင် သူတို့မှာ ကာကွယ်ဆေး ထိုးနှံမှုက အင်ပြည့်အားပြည့်နဲ့ တော်တော်ကြီးကို ထိုးနှံပေးနိုင်တဲ့အတွက်ကြောင့်         ဖြစ်ပါတယ်။ အမေရိကဒေသမှာ ရောဂါဖြစ်ပွားမှု သုံးရာခိုင်နှုန်း ကျနေပြီး  သေဆုံးမှုက   တစ်ရာခိုင်နှုန်းကျနေပါ တယ်။


လက်ရှိ တောင်အာရှဒေသနိုင်ငံတွေရဲ့ ရောဂါ ဖြစ်ပွားမှုနဲ့ သေဆုံးမှုကို ပြန်ကြည့်ပါက အိန္ဒိယနိုင်ငံ အနေနဲ့ အခုတစ်ပတ်အတွင်း   ရောဂါဖြစ်ပွားသူ သုံးသိန်းရှိပြီး     သေဆုံးမှုက  ခုနစ်ရာခိုင်နှုန်း တိုးပါတယ်။  အိန္ဒိယနိုင်ငံအနေနဲ့   ရောဂါဖြစ်ပွားမှု များနေပေမယ့် သေဆုံးမှုက သိပ်မဆိုးဘူးဆိုတဲ့ အနေအထားကို တွေ့ရမှာဖြစ်ပါတယ်။ ဒီနေရာမှာ ဒုတိယအများဆုံး ရောဂါပိုးတွေ့ရှိတဲ့ အင်ဒိုနီးရှား နိုင်ငံအနေနဲ့ အခုတစ်ပတ်ထဲမှာ ရောဂါပိုးတွေ့ရှိသူ ၂ ဒသမ ၅ သိန်းရှိပြီး သေဆုံးမှုအနေနဲ့ ၄၄ ရာခိုင် နှုန်းများပါတယ်။ တတိယအများဆုံး ရောဂါပိုးတွေ့ ရှိတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ အခုတစ်ပတ်ထဲမှာ ရောဂါပိုးတွေ့ရှိသူ ၇၇၀၀၀ ရှိပြီး သေဆုံးမှုအနေနဲ့ ၃၅ ရာခိုင်နှုန်း တက်တာကို တွေ့ရပါတယ်။ ဒါကြောင့် တောင်အာရှဒေသအနေနဲ့  တစ်ပတ်အတွင်းမှာ ရောဂါဖြစ်ပွားသူ ခုနစ်သိန်းကျော်ရှိတာကို တွေ့ရပါ တယ်။   ဒါက မေလနဲ့နှိုင်းယှဉ်ကြည့်ရင်   ရောဂါ ဖြစ်ပွားမှုနှုန်းကျသွားတဲ့ အနေအထားကိုတွေ့ရပြီး ယခင်အပတ်နဲ့ နှိုင်းယှဉ်ကြည့်ရင် ရောဂါဖြစ်ပွားမှု များနေဆဲဖြစ်ပါတယ်။
ဒီနေရာမှာ ရောဂါဖြစ်ပွားသူ ခုနစ်သိန်းကျော် ဖြစ်တယ်။ သေဆုံးသူအနေနဲ့ တစ်ပတ်အတွင်းမှာ ၁၄၀၀၀ ကျော် သေဆုံးတာကို တွေ့ရပါတယ်။ ဒီလို ရောဂါဖြစ်ပွားမှုနဲ့  သေဆုံးမှုတွေကို   ဖြစ်စေတဲ့ အဓိကနိုင်ငံ   သုံးနိုင်ငံရှိပါတယ်။   အိန္ဒိယနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တို့ဖြစ်ပါ တယ်။  အိန္ဒိယနိုင်ငံအနေနဲ့   ရောဂါဖြစ်ပွားသူ သုံးသိန်းရှိပြီး ယခင်အပတ်နဲ့   နှိုင်းယှဉ်ကြည့်ရင် ခုနစ်ရာခိုင်နှုန်း တိုးပါတယ်။ အင်ဒိုနီးရှားနိုင်ငံအနေ နဲ့ ရောဂါဖြစ်ပွားသူ ၂၅၀၀၀၀ ဖြစ်ပြီး ယခင်အပတ်နဲ့ နှိုင်းယှဉ်ကြည့်ပါက ၄၄ ရာခိုင်နှုန်း  တိုးပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့     ရောဂါဖြစ်ပွားသူ ၇၇၀၀၀ ဖြစ်ပြီး ယခင်အပတ်နဲ့ နှိုင်းယှဉ်ကြည့်ပါက ၃၅ ရာခိုင်နှုန်း တိုးပါတယ်။ 


တွန်းလှန်တိုက်ဖျက်


ဒီရောဂါဖြစ်ပွားမှု အများဆုံး သုံးနိုင်ငံမှာပဲ  သေဆုံးမှုအများဆုံးဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံ အနေ နဲ့ ယခင်အပတ် သေဆုံးမှုနဲ့ နှိုင်းယှဉ်ကြည့်ပါက လေးရာခိုင်နှုန်း တက်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံ အနေနဲ့ ယခင်အပတ်သေဆုံးမှုနဲ့ နှိုင်းယှဉ်ကြည့်ပါ က ၇၁ ရာခိုင်နှုန်းတက်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနေနဲ့ ယခင်အပတ်သေဆုံးမှုနဲ့ နှိုင်းယှဉ်ကြည့်ပါ က ၅၂ ရာခိုင်နှုန်း တက်ပါ တယ်။ ဒါကိုကြည့်ခြင်းအား ဖြင့် တောင်အာရှဒေသသည် ကိုဗစ် - ၁၉ ရောဂါကို တွန်းလှန်တိုက်ဖျက်တဲ့နေရာမှာ ရုန်းကန်နေရဆဲ၊ ကြိုးစားပြီးတွန်းလှန်နေရဆဲဆိုတာကို သဘော ပေါက်စေချင်ပါတယ်။


ဒါဆိုရင် အာဆီယံနိုင်ငံတွေ အများစုပါဝင်တဲ့ အနောက်ပစိဖိတ်ဒေသမှာရော     ပိုးတွေ့မှုက ဘယ်လိုဖြစ်နေသလဲဆိုရင် သူတို့ရဲ့ပိုးတွေ့မှုက ယခင်အပတ်နဲ့နှိုင်းယှဉ်ရင် ၁၅ ရာခိုင်နှုန်းတက် ပါတယ်။ သေဆုံးမှုက သုံးရာခိုင်နှုန်းကျတယ်လို့ ပြောပြီးဖြစ်ပါတယ်။   ဒီထဲမှာဘယ်နိုင်ငံတွေက ဖြစ်ပွားမှုအများဆုံးလဲဆိုရင် မလေးရှားနိုင်ငံက ဖြစ်ပွားမှုအများဆုံး ဖြစ်ပါတယ်။ ဒုတိယ အများဆုံး က ဖိလစ်ပိုင်နိုင်ငံဖြစ်ပြီး တတိယအများဆုံးက ဂျပန်နိုင်ငံ ဖြစ်ပါတယ်။ သို့သော် သေဆုံးမှုအနေနဲ့ ဆိုရင် ဖိလစ်ပိုင်နိုင်ငံက သေဆုံးမှု  အများဆုံးဖြစ် ပါတယ်။   မလေးရှားနိုင်ငံက     ဒုတိယဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံက တတိယဖြစ်ပါတယ်။ ဒါတွေ ကို ဘာကြောင့်ပြောနေရသလဲဆိုရင်   ကျွန်မတို့ သည် ကိုဗစ် - ၁၉ ရောဂါကို ရင်ဆိုင်တိုက်ခိုက်နေရ တယ်။ 


ကိုဗစ်-၁၉ ရောဂါရဲ့ဆိုးကျိုးတွေကို ခံစားနေရ တယ်ဆိုတာ ကိုယ်တွေတစ်နိုင်ငံတည်း  မဟုတ်ပါ ဘူး။ ကျွန်မတို့ရဲ့ ဒေသတွင်းနိုင်ငံတွေ၊ အာဆီယံ နိုင်ငံတွေ၊  ကမ္ဘာပေါ်မှာရှိတဲ့   နိုင်ငံတွေအကုန်လုံးက ဒီရောဂါဆိုးကြီးကို          

 


ရင်ဆိုင်နေရတယ်ဆိုတာ  သိစေချင်တာ   ဖြစ်ပါ တယ်။ ရောဂါဖြစ်ပွားမှုများပေမယ့်   သေဆုံးမှုနည်း တဲ့    နိုင်ငံတွေကို ကြည့်မယ်ဆိုရင်တော့ ကာကွယ် ဆေးထိုးထားတဲ့ နိုင်ငံတွေက သေဆုံးမှုနှုန်းကျဆင်း နေတာကို   တွေ့ရပါတယ်။    ကာကွယ်ဆေးကို ဘယ်နိုင်ငံတွေက   အများဆုံးထိုးနှံထားလဲဆိုရင် ၆၅ ရာခိုင်နှုန်းအထက်  ကာကွယ်ဆေးထိုးနှံထားတဲ့ နိုင်ငံတွေအနေနဲ့ ကနေဒါ၊ ယူကေနဲ့  အစ္စရေးနိုင်ငံတို့ ဖြစ်ပါတယ်။       အဲဒီနိုင်ငံတွေက   သေဆုံးမှု ကျဆင်းနေတာကို တွေ့ရမှာဖြစ်ပါတယ်။ ၅၀ - ၆၀  ရာခိုင်နှုန်းကြား    ကာကွယ်ဆေးထိုးနှံထားတဲ့ နိုင်ငံတွေက အီတလီ၊ ဂျာမနီ၊ ယူအက်စ်နဲ့ ပြင်သစ် နိုင်ငံတို့ဖြစ်ပါတယ်။    ကာကွယ်ဆေးကို    ၅၀ ရာခိုင်နှုန်းအထက်     အနည်းဆုံးတစ်ကြိမ်ထိုးနှံ နိုင်တဲ့  နိုင်ငံတွေမှာဆိုရင်     ကိုဗစ် - ၁၉ ရောဂါ  ဖြစ်ပွားမှုနဲ့ သေဆုံးမှုကျဆင်းနေတာကို တွေ့ရပါ တယ်။ 


ကာကွယ်ဆေးထိုးခြင်းရဲ့ အခန်းကဏ္ဍ


ကျွန်မတို့နိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနဲ့  ဖွံ့ဖြိုးဖို့ လိုအပ်တဲ့ နိုင်ငံတွေမှာ ကာကွယ်ဆေး ထိုးနှံနိုင်မှု ဟာ တစ်ရာခိုင်နှုန်းဝန်းကျင်ရှိတဲ့အတွက် ဒီလိုနိုင်ငံ တွေမှာ ရောဂါဖြစ်ပွားမှုနဲ့ သေဆုံးမှုတွေက တိုးတက် များပြားနေတာကို တွေ့ရှိရမှာဖြစ်ပါတယ်။ ဒါကို ကြည့်ခြင်းဖြင့်  ကာကွယ်ဆေးထိုးခြင်းရဲ့   အခန်း ကဏ္ဍဟာ ဘယ်လောက်အရေးပါသလဲ၊ ကာကွယ် ဆေးထိုးရင်   ရောဂါဖြစ်ပွားမှုနဲ့   သေဆုံးမှုကို ဘယ်လောက်အထိ   လျှော့ချနိုင်တယ်ဆိုတာကို အကြမ်းဖျင်းအားဖြင့်   သဘောပေါက်အောင် တင်ပြရခြင်းဖြစ်ပါတယ်။ 


လက်ရှိမှာ  နိုင်ငံပေါင်းစုံက  ကာကွယ်ဆေး အပြိုင်အဆိုင်ထုတ်နိုင်ဖို့ ကာကွယ်ဆေး မာရသွန် ပြိုင်ပွဲကြီး ဆင်နွှဲနေတာဖြစ်ပါတယ်။ ဇူလိုင် ၁၅ ရက်အထိ ကာကွယ်ဆေးတွေ ဘယ်လောက်အထိ အဆင့်ရောက်နေပြီလဲဆိုတာကို နယူးယောက်စ်တိုင်း က  စုစည်းထားတဲ့  အချက်အလက်တွေအရ ကာကွယ်ဆေးစမ်းသပ်မှုရဲ့ ပထမဦးဆုံး လူမှာ စမ်းသပ်တဲ့အဆင့်ကို ရောက်ရှိနေတဲ့ ကာကွယ်ဆေး ၅၂ မျိုးရှိပါတယ်။ အဆင့်(၂) ကာကွယ်ဆေးရဲ့ စိတ်ချ ရမှုတွေကို စမ်းသပ်တဲ့အဆင့်ကို ကာကွယ်ဆေး ၃၈ မျိုးရောက်ရှိနေပါတယ်။ လူမှာစမ်းသပ်တဲ့ အဆင့် (၃) ဖြစ်တဲ့ ကာကွယ်ဆေးကို လူအမြောက်အမြား သောင်းနဲ့ချီပြီး စမ်းသပ်တဲ့အဆင့်ကို ရောက်နေ တဲ့    ကာကွယ်ဆေးက    ၃၂   မျိုးရှိနေပြီဖြစ်ပါတယ်။ ဒီနေရာမှာ ကာကွယ်ဆေးကို အကန့်အသတ်နဲ့ အသုံးပြုဖို့ ခွင့်ပြုထားတဲ့ကာကွယ်ဆေးက ၁၀ မျိုး ဖြစ်ပြီး  အပြည့်အဝ  အသုံးပြုခွင့်ပေးထားတာက ရှစ်မျိုးဖြစ်ပါတယ်။


အများကြီးရှုပ်ထွေး


ကာကွယ်ဆေးရဲ့  စမ်းသပ်တဲ့၊   သုတေသန လုပ်နေဆဲကာလမှာတင် စမ်းသပ်မှု၊ သုတေသန လုပ်မှုကို   ရပ်ဆိုင်းခံထားရတဲ့   ကာကွယ်ဆေးက ငါးမျိုးရှိပါတယ်။   ဒါကိုဘာဖြစ်လို့ အသေးစိတ် ပြောရသလဲဆိုရင်   ကာကွယ်ဆေးတွေ   ကြိုးစား ထုတ်လုပ်တဲ့အခါ ထုတ်လုပ်မှု၊ တီထွင်မှု နည်းပညာ ပိုင်းတွေဟာ အများကြီးရှုပ်ထွေးပါတယ်။ 


အချို့ကာကွယ်ဆေးတွေက     ပန်းတိုင်ကို ရောက်ရှိပေမယ့်       အချို့ကာကွယ်ဆေးတွေက မလိုလားအပ်တဲ့ ဆိုးကျိုးတွေ ဖြစ်လာနိုင်တဲ့အတွက် ကာကွယ်ဆေးစမ်းသပ်မှုတွေကို   ရပ်ဆိုင်းလိုက်ရ တဲ့ ကာကွယ်ဆေးတွေလည်းရှိတယ်လို့ ဆိုလိုခြင်း ဖြစ်ပါတယ်။ 
ကာကွယ်ဆေးကို ထုတ်လုပ်တဲ့အခါ ကာကွယ် ဆေးနဲ့ ပတ်သက်တဲ့ နည်းပညာဆိုင်ရာ အကြံပေး အဖွဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှာ ရှိပါတယ်။   နိုင်ငံ တိုင်းက ကျွမ်းကျင်ပညာရှင်တွေ ပါဝင်ပြီး ဘယ်သူ့ အပေါ်မှာမှ ဘက်လိုက်မှုမရှိဘဲ ကာကွယ်ဆေးရဲ့ အစွမ်းထက်မှု၊  ဘေးကင်းလုံခြုံမှု၊   စိတ်ချရမှု၊ ထားသိုရမှု၊ ထိုးပြီးနောက်မှာ  ထိုးနှံတဲ့သူတွေမှာ နောက်ဆက်တွဲ ဘယ်လိုတွေ ခံစားရသလဲ၊ ဘယ်လို တွေဖြစ်ပေါ်သလဲ စသဖြင့် သေသေချာချာ လေ့လာ ဆန်းစစ်ပြီး မှတ်ကျောက်တင်ခံနိုင်တဲ့အဆင့်ရှိတဲ့ ကာကွယ်ဆေးကိုမှ    ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အရေးပေါ်အသုံးပြုခွင့်ပေးတဲ့  ကာကွယ်ဆေးအဖြစ် သတ်မှတ်တာဖြစ်ပါတယ်။ 


Pfizer နဲ့ Moderna


လက်ရှိအနေအထားမှာ  ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO)ရဲ့ အရေးပေါ်အသုံးပြုခွင့်ပေးတဲ့ ကာကွယ်ဆေး ရှစ်မျိုးရှိပါတယ်။ ဒီကာကွယ်ဆေး ရှစ်မျိုးက mRNA ကာကွယ်ဆေးနှစ်မျိုးဖြစ်တဲ့ Pfizer  နဲ့ Moderna ဖြစ်ပါတယ်။ ကာကွယ်ဆေး ထုတ်လုပ်မှုသမိုင်းမှာ သူတို့ဟာ ထုတ်လုပ်မှု အသစ်၊ ပုံစံအသစ်နဲ့ထုတ်လုပ်တဲ့   ကာကွယ်ဆေးဖြစ်ပါ တယ်။ ပိုးရဲ့ဗီဇကိုယူပြီး ကာကွယ်ဆေး ထုတ်လုပ် တယ်ဆိုတာက စမ်းသပ်တာ  ဆယ်စုနှစ်တစ်ခု စာလောက် ရှိနေပါပြီ။ ဒီလိုစမ်းသပ်တဲ့ စမ်းသပ်ချက် တွေ  လုပ်ဆောင်နေစဉ်ကာလမှာပဲ   ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားတဲ့အတွက် mRNA နည်းပညာကို သုံးပြီး ကာကွယ်ဆေးကို ထုတ်လုပ်တဲ့အတွက် ဒီလိုအချိန်တိုအတွင်းမှာ   ကာကွယ်ဆေးဟာ လူသားတွေရဲ့ လက်ဝယ်ကို ရောက်ရှိနိုင်ခြင်းဖြစ် ပါတယ်။ ထိရောက်မှုက  Pfizer  အနေနဲ့ ၉၅ ရာခိုင်နှုန်းရှိပါတယ်။  Moderna က ၉၄ ရာခိုင်နှုန်း ရှိပါတယ်။ ဒါတွေက mRNA ကာကွယ်ဆေး နှစ်မျိုး ဖြစ်ပါတယ်။  


AstraZeneca နဲ့ covishield


တတိယအနေနဲ့ ကျွန်မတို့နိုင်ငံမှာ ထိုးနှံတဲ့ ကာကွယ်ဆေးဖြစ်ပါတယ်။ Oxford က ထုတ်တဲ့ AstraZeneca ဆိုတဲ့ ကာကွယ်ဆေးကို အိန္ဒိယနိုင်ငံ the Serum Institute of India မှာ မူပိုင်ခွင့်ယူပြီး covishield နာမည်အနေနဲ့  ထုတ်လုပ်တာဖြစ်ပါ တယ်။ တတိယအနေနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အရေးပေါ်အသုံးပြုခွင့်ပေးတဲ့ ကာကွယ်ဆေးက Oxford ကထုတ်တဲ့ AstraZeneca နဲ့ အိန္ဒိယနိုင်ငံက covishield အနေနဲ့ထုတ်တဲ့    ကာကွယ်ဆေးတို့ ပါဝင်ပါတယ်။        တောင်ကိုရီးယားနိုင်ငံက AstraZeneca ကို       မူပိုင်ခွင့်ယူပြီးထုတ်တဲ့ ကာကွယ်ဆေး ပါဝင်ပါတယ်။ ဒါဆိုရင် ကာကွယ် ဆေး ငါးမျိုးရှိပါပြီ။ 


ဒါ့အပြင်   johnson  and   johnson ဆိုပြီး ကိုဗစ်- ၁၉ ကာကွယ်ဆေးမှာ တစ်ခါထိုးနှံတာနဲ့ လုံလောက်တယ်ဆိုတဲ့ ယူအက်စ်ကနေထုတ်တဲ့ ကာကွယ်ဆေးကလည်း  ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ရဲ့ အရေးပေါ်အသုံးပြုခွင့်ပေးတဲ့ ကာကွယ်ဆေးထဲ မှာ ပါဝင်ပါတယ်။ နောက်ထပ် နှစ်မျိုးက တရုတ် နိုင်ငံက ထုတ်လုပ်တဲ့ sinopharm နဲ့ sinovac  ကာကွယ်ဆေးဖြစ်ပါတယ်။  ဒီ sinopharm နဲ့ sinovac က ပိုးကို အင်အားမဲ့သွားအောင် တစ်နည်း အားဖြင့် အန္တရာယ်မပေးနိုင်အောင် ပြုလုပ်ထားပြီး ခန္ဓာကိုယ်ထဲကိုရောက်မှ ကိုယ်ခံအားကို တက်စေ အောင် ဆောင်ရွက်ထားတဲ့ ကာကွယ်ဆေး ဖြစ်ပါ တယ်။


AstraZeneca  Oxford၊   အိန္ဒိယနိုင်ငံက covishield  နဲ့   AstraZeneca     တောင်ကိုရီးယား ဒီသုံးခုကတော့  Viral vector အမျိုးအစား ဖြစ်ပါ တယ်။ Viral vector ကတော့ သာမန်အအေးမိ၊ နှာစေးဖြစ်စေတဲ့ ဗိုင်းရပ်စ်ကို အကူကိရိယာအနေ နဲ့သုံးပြီး ကိုဗစ် - ၁၉ ရောဂါ ဖြစ်လာရင် ခန္ဓာကိုယ် ထဲမှာ အလားတူ ပုံသဏ္ဌာန်တွေ ဖန်တီးပြီး ရောဂါ ပိုးဝင်ရောက်လာရင် တိုက်ထုတ်နိုင်အောင် ဖန်တီး ထားတာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့်  အကူ ကိရိယာကိုသုံးပြီး ဆောင်ရွက်ထားတာ ဖြစ်ပါ တယ်။ အန္တရာယ်ကင်းပါတယ်။ johnson and Johnson ကလည်း  Viral vector အမျိုးအစား ဖြစ်ပါတယ်။ သူလည်း  အကူကိရိယာကို   သုံးပြီး လုပ်ထားတဲ့    ကာကွယ်ဆေးအမျိုးအစား ဖြစ်ပါတယ်။


စိတ်ချစွာသုံးနိုင်


sinopharm နဲ့ sinovac က   ပိုးတွေကို အင်အားမဲ့အောင်လုပ်ထားပြီး ခန္ဓာကိုယ်ထဲရောက် မှ လိုအပ်တဲ့ ပရိုတင်းတွေကို Antibody ထုတ်နိုင် အောင် နည်းပညာနဲ့ ဖန်တီးထုတ်လုပ်ထားတာ ဖြစ်ပါတယ်။   ဒီကာကွယ်ဆေး  ရှစ်မျိုးလုံးမှာ ဘယ်ကာကွယ်ဆေးကမှ ပိုးအရှင်တွေနဲ့ ပြုလုပ် ထားတဲ့  ကာကွယ်ဆေးမရှိဘူးလို့   ပြောချင်တာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနောက်ပိုင်းမှာ ကာကွယ် ဆေးတွေဟာ ကိုယ်ဝန်ဆောင်တွေ၊ နို့တိုက်မိခင် တွေ၊ ကိုယ်ဝန်ဆောင်ဖို့ ပြင်ဆင်နေတဲ့သူတွေမှာ စိတ်ချစွာသုံးနိုင်တယ်လို့ ပြောလိုခြင်းဖြစ်ပါတယ်။ mRNA ကို သုံးထားတဲ့ကာကွယ်ဆေးက နောက်ဆုံး ပေါ် နည်းပညာဖြစ်ပါတယ်။ 
ဗိုင်းရပ်စ်အတွင်းကနေ မျိုးဗီဇ RNA ကိုယူပြီးမှ ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ လူ့ခန္ဓာကိုယ် အတွင်း က ဆဲလ်ကိုပရိုတင်းထုတ်နိုင်အောင် တစ်နည်းအား ဖြင့်  ကိုယ်ခံအားထွက်နိုင်အောင်    လမ်းညွှန် ဆောင်ရွက်ပေးပါတယ်။     ဒီလိုဆောင်ရွက်ခြင်း အားဖြင့် ခန္ဓာကိုယ်က ကိုယ်ခံအားတွေကို ထုတ်လုပ် မယ်။ ထုတ်လုပ်တဲ့အခါမှာ ကာကွယ်ဆေးထိုးထား တဲ့လူက ရောဂါပိုးဝင်ရောက်ရင် ရောဂါပြင်းထန်စွာ ဖြစ်ခြင်းကို ကာကွယ်ပေးထားတဲ့ပုံစံ ဖြစ်ပါတယ်။ လက်ရှိ ရှစ်မျိုးမှာဆိုရင် Viral vector ကာကွယ် ဆေးသည် AstraZeneca Oxford, covishield (အိန္ဒိယ)နဲ့ AstraZeneca  (တောင်ကိုရီးယား)၊ johnson  and Johnson  ဒီလေးမျိုးပါဝင်ပါတယ်။ 


Viral vector ကာကွယ်ဆေး


Viral vector ကာကွယ်ဆေးက  အန္တရာယ် မရှိတဲ့ အခြားသော adenovirus ဗိုင်းရပ်စ်တွေကို အသွင်ပြောင်းပြီး  အကူကိရိယာအဖြစ်နဲ့သုံးပြီး လူ့ခန္ဓာကိုယ်မှာရှိတဲ့ ဆဲလ်တွေကို အရေးကြီးတဲ့ ညွှန်ကြားချက်တွေပေးနိုင်အောင် ဖန်တီးထားတာ ဖြစ်ပါတယ်။  ခန္ဓာကိုယ်မှာရှိတဲ့   ဆဲလ်တွေက ဝင်ရောက်လာတဲ့   ရောဂါပိုးကို   တိုက်ခိုက်ဖို့၊ ကိုယ်ခံအားစနစ်တွေ အလုပ်လုပ်နိုင်ဖို့ ရည်ရွယ် ပြီး လုပ်တာဖြစ်ပါတယ်။ 


adenovirus ဆိုတာ သာမန်အအေးမိ၊ နှာစေး ဖြစ်စေတဲ့ပိုးကို ဖျားနာ၊ လည်ချောင်းနာ၊ လေပြွန် ရောင်၊ အဆုတ်ရောင်၊ ဝမ်းပျက်၊ မျက်စိနာဖြစ်စေတဲ့ ပိုးထဲကမှ အန္တရာယ်မဖြစ်နိုင်ဆုံး၊ အပျော့ဆုံးကို ယူပြီး  လုပ်ထားတဲ့ဗိုင်းရပ်စ်ကိုမှ    အကူကိရိယာ အဖြစ်နဲ့ သုံးထားတာဖြစ်ပါတယ်။ ကာကွယ်ဆေး ထိုးထားတဲ့အတွက်ကြောင့် ကိုဗစ် - ၁၉ ဝင်လာပြီ ဆိုရင် ရောဂါပြင်းထန်စွာဖြစ်ခြင်းကို ကာကွယ်ပေး တာဖြစ်ပါတယ်။


နောက်တစ်ခုက  တရုတ်နိုင်ငံက  ထုတ်တဲ့ sinopharm နဲ့ sinovac  ကာကွယ်ဆေးတွေဆိုရင် ရောဂါပိုးကို အစွမ်းမဲ့သွားအောင်၊ အားမရှိအောင်၊ အားပျော့သွားအောင် လုပ်တာဖြစ်ပါတယ်။ ပထမ ဦးဆုံး ရောဂါပိုးဖြစ်စေတဲ့ ဗိုင်းရပ်စ်၊ ဒါမှမဟုတ် ဒီဗိုင်းရပ်စ်နဲ့   အလွန်တူတဲ့   ဗိုင်းရပ်စ်ကိုယူမယ်။ ပြီးရင် ဓာတုပစ္စည်းတွေဖြစ်တဲ့ ဓာတ်ရောင်ခြည်၊ အပူတွေကို  အသုံးပြုပြီး အားလျော့အောင် လုပ်လိုက် တာဖြစ်ပါတယ်။ အဲဒီနောက် လူတွေမှာ ကာကွယ် ဆေးကောင်းမွန်စွာ       အလုပ်လုပ်နိုင်ဖို့အတွက် နည်းပညာသုံးပြီး     ဆောင်ရွက်ရတာဖြစ်ပါတယ်။ 


ကျွန်မတို့ထိုးတဲ့ ရာသီတုပ်ကွေးကာကွယ်ဆေး တွေ၊ ပိုလီယိုကာကွယ်ဆေးတွေ ဒါတွေကလည်း  ဒီလိုအမျိုးအစားတွေ  ဖြစ်ပါတယ်။ အခုလောလော ဆယ်မှာ   ဒီရှစ်မျိုးထဲမပါပေမယ့်   နောက်ပိုင်းမှာ   ပရိုတင်းအစိတ်အပိုင်းကိုသုံးပြီး  ထုတ်တဲ့ကာကွယ် ဆေးတွေလည်း  on the track ရှိနေပါတယ်။ အဲဒီ ကာကွယ်ဆေးတွေက ဗိုင်းရပ်စ်ရဲ့အန္တရာယ်မရှိတဲ့    ပရိုတင်းအစိတ်အပိုင်းကို ယူတယ်။ ပိုးတစ်ခုလုံးကို ယူတာမဟုတ်ပါဘူး။ ပရိုတင်းသက်သက်ကိုယူပြီး       ဆောင်ရွက်တာ ဖြစ်ပါတယ်။   ကာကွယ်ဆေးထိုးနှံ လိုက်ရင် ခန္ဓာကိုယ်က ဒီပရိုတင်းကို မှတ်မိသွားပြီး Antibody တွေကို ထုတ်လုပ်ပါတယ်။ အဲဒီအတွက် ဝင်လာတဲ့ ဗိုင်းရပ်စ်ကို တိုက်ခိုက်နိုင်တာ ဖြစ်ပါ တယ်။   ဒါတွေကတော့   အဓိက   အခုလက်ရှိမှာ အောင်မြင်နေတဲ့ ကာကွယ်ဆေးတွေ ထုတ်လုပ်နေ တဲ့ နည်းစနစ်ပုံစံတွေဖြစ်ပါတယ်။ 
အခုလို ပြည့်ပြည့်စုံစုံ ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်။