
နေပြည်တော် ဇူလိုင် ၁၉
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကျင်းပပြီးစီးခဲ့သော အစိုးရနိကာယ်စာမေးပွဲ အောင်စာရင်းကို ၁၃၈၃ ခုနှစ်၊ ဝါဆိုလဆန်း ၁၄ ရက်၊ ၂၀၂၁ ခုနှစ်၊ ဇူလိုင် ၂၂ ရက်၊ ကြာသပတေးနေ့ နံနက် (၆) နာရီတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ website www.mahana.org.mm ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန website www.mora.gov.mm၊ သာသနာရေးဦးစီးဌာန website www.dra.gov.mm တို့မှ ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း သာသနာရေး ဦးစီးဌာနမှ သတင်းရရှိသည်။ သတင်းစဉ်