
မြစ်ကြီးနား ဇူလိုင် ၁၈
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပေါ်ရှိ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အသွားအလာကန့်သတ်ထားရှိသည့် Quarantine Centre များနှင့် ကိုဗစ်-၁၉ အတည်ပြုလူနာများ သီးသန့် ထားရှိသည့် Isolation Centre များကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးတို့က ဇူလိုင် ၁၆ ရက်က သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပါဝင်ကူညီ ဆောင်ရွက်နေကြသူများအား တွေ့ဆုံအားပေးထောက်ပံ့ကြသည်။
မြစ်ကြီးနားမြို့ပေါ်ရှိ Quar-antine Centre များနှင့် Isolation Centre များကို ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက် ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ် ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်သက်ဦးနှင့် တပ်မတော်အရာ ရှိကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူ များက ကိုဗစ်-၁၉ အတည်ပြု လူနာများနှင့် ထိတွေ့မှုရှိသည့်သူ များအား Quarantine Centre အဖြစ် မြစ်ကြီးနားမြို့ အံ့တော်ရှင် စေတီတော်ဝင်းအတွင်းရှိ သီတဂူ စက္ခုဒါနဆေးရုံ၌ ထားရှိဆောင် ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး Quarantine ဝင်ရောက်နေသူ များအား အားပေးစကားပြော ကြားကာ နေထိုင်စားသောက်မှု အခြေအနေများနှင့် ပတ်သက်၍ လိုအပ်သည်များ အမြန်ဆုံးဖြည့်ဆည်းပေးနိုင်ရေးတာဝန်ရှိသူများအား မှာကြားပြီး တာဝန်ကျ ဝန်ထမ်းနှင့် ကူညီနေသူများအား ထောက်ပံ့ငွေများ ပေးအပ်သည်။
ယင်းနောက် မြစ်ကြီးနား ပညာရေးကောလိပ် လေးထပ် စာသင်ဆောင်၌ ကိုဗစ်-၁၉ အတည်ပြုလူနာဦးရေ ၁၅၀ အတွက် သီးသန့်ထားနိုင်ရေး အတွက် နေရာထိုင်ခင်းများပြင်ဆင် ဆောင်ရွက်ထားရှိမှုများကို လှည့် လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည့် အသုံးအဆောင်ပစ္စည်းများ ဖြည့်ဆည်းပေးနိုင်ရေး တာဝန်ရှိသူ များနှင့် ညှိနှိုင်းဆောင်ရွက်ပေး ကာ ကူညီဆောင်ရွက်နေကြသူ များအတွက် ထောက်ပံ့ငွေများ ပေးအပ်သည်။
ထို့နောက် ကိုဗစ်-၁၉ အတည်ပြုလူနာများအား သီးသန့် ထားရှိရေး အဆောင်အဖြစ်ထားရှိ သည့် သူနာပြုသင်တန်းကျောင်း နှင့် သားဖွားသင်တန်းကျောင်း တို့တွင် ကိုဗစ်-၁၉ အတည်ပြု လူနာများ သီးသန့်ထား စောင့် ကြည့်နေမှု အခြေအနေများ၊ နေထိုင်စားသောက်မှု အခြေအနေ များနှင့် ပါဝင်ကူညီဆောင်ရွက်ကြ သည့် လူမှုရေးအသင်းအဖွဲ့များ၏ လိုအပ်ချက်များကို မေးမြန်း၍ အားပေးစကား ပြောကြားပြီး Centre များတွင် ပါဝင်ကူညီ ဆောင်ရွက်နေကြသည့် ဝန်ထမ်း များနှင့် လူမှုကူညီရေးအသင်းအဖွဲ့ များအတွက် ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ကြောင်း သိရ သည်။
ပြည်နယ်(ပြန်/ဆက်)