တပ်မတော်မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်၊ ကုသရေး အထောက်အကူပြုပစ္စည်းများနှင့် အောက်ဆီဂျင်အိုးများ ပေးအပ်လှူဒါန်းလျက်ရှိ

 

နေပြည်တော် ဇူလိုင် ၁၇


လက်ရှိအချိန်တွင်   ကိုဗစ်-၁၉ ရောဂါ   တတိယလှိုင်းဖြစ်ပွားမှု မြင့်တက်လျက်ရှိပြီး      ဓာတ်ခွဲ အတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများကို      တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊  ကျန်းမာရေး ဌာနများနှင့် ကိုဗစ်စင်တာများတွင် ကျန်းမာရေး     စောင့်ရှောက်မှု လုပ်ငန်းများကို တပ်မတော်သား ဆရာဝန်များ၊    ကျန်းမာရေး ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့ များပူးပေါင်း၍    အင်တိုက်အား တိုက်   ဆောင်ရွက်ပေးလျက်ရှိပြီး ထိုသို့    ဆောင်ရွက်ပေးရာတွင် အထောက်အကူ      ဖြစ်စေရန် အတွက် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်းများ၊ အောက်ဆီ ဂျင်အိုးများနှင့်  အာဟာရဖြည့် စားသောက်ဖွယ်ရာများကို တပ်မ တော်က သွားရောက်ထောက်ပံ့ လှူဒါန်းပေးလျက်ရှိသည်။


ထိုသို့ ပေးအပ်လှူဒါန်းလျက် ရှိရာ ဇူလိုင် ၁ ရက်မှ ယနေ့အထိ တိုင်းဒေသကြီးနှင့်   ပြည်နယ် အသီးသီးရှိ  ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာ ရေးဌာနများ၊ ကိုဗစ်စင်တာများ၊ ဘာသာရေးကျောင်းများ၊ စာသင် ကျောင်းများနှင့်   ဒေသခံပြည်သူ လူထုများသို့    သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်    အသီးသီးရှိ နယ်မြေခံတပ်မတော်သားများက အောက်ဆီဂျင်အိုး   ၆၉၆ လုံး၊ Surgical    Mask ၃၀၃၁၆၂ ခု၊ Personal         Protective Equipment  (PPE) ဝတ်စုံ အစုံ ၇၄၀၊ Hand Gel ၅၀၉ဘူး၊ Face Shield ၁၅၀၊  လက်ဆေးဆပ်ပြာ ရည် ၄ ပုံး၊ လက်အိတ် Surgical Gloves ၇၀၀၊  ခေါင်းစွပ် ၅၀၀၊ စက်သုံးဆီများ၊      အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် အလှူ ငွေများကို    သွားရောက်ပေးအပ် လှူဒါန်းနိုင်ခဲ့ကြကြောင်းနှင့် ဆက် လက် ပေးအပ်လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။ 


အလားတူ တပ်မတော်က ဆောင်ရွက်    ပေးလျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်း ချုပ်၊   ကုသရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန် ရည် ရွယ်၍   စေတနာရှင် အလှူရှင် များကလည်း      သက်ဆိုင်ရာ နယ်မြေများအလိုက်      ရောဂါ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများ၊    အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် အလှူ ငွေများကို  သက်ဆိုင်ရာတိုင်းစစ် ဌာနချုပ်အသီးသီးသို့  လာရောက် လှူဒါန်းလျက်ရှိရာ တာဝန်ရှိသူ များက       လက်ခံယူခဲ့ကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ   ပြန် လည်ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။


သတင်းစဉ်