စဉ့်ကူးမြို့နယ်အတွင်း အောက်ဆီဂျင်စက်ရုံ တည်ဆောက်နိုင်ရေး ငွေလှူ

 

စဉ့်ကူး  ဇူလိုင်   ၁၇  

  
မန္တလေးတိုင်းဒေသကြီး   စဉ့်ကူး မြို့နယ်အတွင်း  အောက်ဆီဂျင် စက်ရုံ     တည်ဆောက်နိုင်ရေး အတွက်   အလှူငွေပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက      မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌   ကျင်းပ သည်။  
  မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့  ခေတ္တဥက္ကဋ္ဌ      ဗိုလ်မှူးသော် တာထွန်းမှ     အမှာစကားပြော ကြားပြီး     အောက်ဆီဂျင်  စက်ရုံ တည်ဆောက်နိုင်ရေး   လှူဒါန်း သည့်  အလှူငွေ ၁၄၄ သိန်းအား      ဗိုလ်မှူးသော်တာထွန်းနှင့်   အလှူ ရှင်များက လောကဟိတ    လူမှု ကူညီရေးအသင်း  ဥက္ကဋ္ဌ ဦးအောင် ကိုလတ်ထံသို့    လှူဒါန်းသည်။ 
ဆက်လက်၍     မြို့နယ် အတွင်း ကိုဗစ် -၁၉ ရောဂါအတွက်  အထူး     လိုအပ်ချက်ဖြစ်သည့် အောက်ဆီဂျင်ဖြင့်    အရေးပေါ် အသက်ကယ်     နိုင်ရန်အတွက်   ခန့်မှန်းကုန်ကျ    ငွေကျပ်သိန်း ၁၀၀၀ကျော်တန်ဖိုးရှိ   အောက် ဆီဂျင်စက်လျင်မြန်စွာ ဝယ်ယူ နိုင်ရေးအတွက်  ယခင်လှူဒါန်း ငွေကျပ်သိန်း    ၈၀၀နှင့်   ယခု လှူဒါန်း   ငွေကျပ် ၁၄၄ သိန်း စုစုပေါင်း   ငွေကျပ်   ၉၄၄သိန်း ရရှိပြီး        ထပ်မံလှူဒါန်းမည့်    အလှူရှင်များအနေဖြင့်     ဆက် လက်လှူဒါန်းနိုင်ကြောင်းနှင့်   တာဝန်ရှိသူများ၊       လူမှုရေး အသင်းအဖွဲ့များ၊  ရပ်မိ  ရပ်ဖများ နှင့် ကျန်းမာရေးဝန်ထမ်းများ    ပူး ပေါင်း၍  အမြန်ဆုံးတည်ဆောက် နိုင်ရေးအတွက်   မိမိတို့ဘက်မှ အလှူရှင်များရရှိရေးနှင့်  လိုအပ် သည်များ   ပါဝင်ဆောင်ရွက်ဖြည့် ဆည်းပေးမည်      ဖြစ်ကြောင်း တာဝန်ရှိသူ တစ်ဦး၏  ‌ပြောကြား ချက်အရ သိရသည်။


 မြို့နယ် 
(ပြန်/ဆက်)