ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလင်းထွဋ်၊ လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးဟောင်း ဦးစိုင်းရှဲန်တစ်လုံ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဟောင်း ဦးစိုးညွန့်လွင်၊ အင်းတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးဟောင်း ဒေါက်တာထွန်းလှိုင်၊ ပုဂ္ဂလိကကုမ

 

နေပြည်တော်  ဇူလိုင်  ၁၆


ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဟောင်း     ဒေါက်တာ လင်းထွဋ်နှင့် တာဝန်ရှိသူများ၏    ဆောင်ရွက်မှု များတွင်  အဂတိလိုက်စားမှုများရှိသောကြောင့် ဥပဒေနှင့်အညီ   လိုအပ်သလို    စုံစမ်းစစ်ဆေး အရေးယူနိုင်ရန်  တိုင်ကြားခြင်းနှင့်    စပ်လျဉ်း၍ အဂတိလိုက်စားမှု       တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့သည်။ 


စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက် အရ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလင်းထွဋ်၊ လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှု ဝန်ကြီးဟောင်း ဦးစိုင်းရှဲန်တစ်လုံနှင့် အင်းတိုင်းရင်း သားလူမျိုးရေးရာဝန်ကြီးဟောင်း       ဒေါက်တာ ထွန်းလှိုင်တို့သည်  ၂၀၁၇-၂၀၁၈  ဘဏ္ဍာနှစ်တွင် ရှမ်းပြည်နယ် (တောင်ပိုင်း)   ညောင်ရွှေမြို့နယ်ရှိ အင်းလေးဒေသဇုန်ဝင်ခွင့် ကောက်ခံရေးလုပ်ငန်း တင်ဒါအောင်မြင်သော   လုပ်ငန်းရှင်တစ်ဦးထံမှ ရရန်ရှိသည့် တင်ဒါကျန်ငွေကျပ် သိန်း ၃၀၀၀ ကျော် နှင့်စပ်လျဉ်း၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ်(၁/၂၀၁၈) ဆုံးဖြတ် ချက်ဖြင့် ဝန်ကြီးချုပ်က လျှော့ပေးပိုင်ခွင့်မရှိသည့် တန်ဖိုး ၅၀ ရာခိုင်နှုန်း လျှော့ချပေးခဲ့ခြင်း၊   ထိုသို့ လျှော့ချပေးခဲ့သော်လည်း ပေးသွင်းရန်ကျန်ရှိသည့် ငွေကျပ်သိန်း  ၁၇၀၀   ကျော်ကို စစ်ဆေးခဲ့သည့် အချိန်အထိ ပြန်လည်ရရှိအောင် စီမံဆောင်ရွက်နိုင်မှု မရှိခြင်း၊ စာချုပ်ပါစည်းကမ်းအတိုင်း   ဥပဒေနှင့် အညီ အရေးယူရန်     ပျက်ကွက်ခဲ့ခြင်းတို့ကြောင့် နိုင်ငံတော်၏ ငွေကြေးများကို ထိခိုက်နစ်နာ ဆုံးရှုံး စေခဲ့ကြောင်း။ 


ရှမ်းပြည်နယ် လျှပ်စစ်၊  စွမ်းအင်နှင့်   စက်မှု ဝန်ကြီးဟောင်း ဦးစိုင်းရှဲန်တစ်လုံသည်  ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ အင်းလေးဒေသဇုန် ဝင်ခွင့်ကောက်ခံရေးလုပ်ငန်းကို ပြည်နယ်အစိုးရသို့ ပေးသွင်းရန်   ငွေပမာဏ သတ်မှတ်ပေးခြင်းမရှိဘဲ ၎င်းတစ်ဦးတည်းသဘောဖြင့် လုပ်ကိုင်ခွင့်ပြုပေးခဲ့ ခြင်းကြောင့်   နိုင်ငံတော်က   ရသင့်ရထိုက်သည့် ဘဏ္ဍာငွေသိန်း ၁၀၀၀၀ ကျော်ခန့် ထိခိုက်နစ်နာ ဆုံးရှုံးစေခဲ့ကြောင်း။


ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလင်းထွဋ်၊ လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှု ဝန်ကြီးဟောင်း ဦးစိုင်းရှဲန်တစ်လုံနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဟောင်း   ဦးစိုးညွန့်လွင်၊  အင်း တိုင်းရင်းသားလူမျိုးရေးရာ      ဝန်ကြီးဟောင်း ဒေါက်တာထွန်းလှိုင်တို့သည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာ နှစ်တွင် အင်းလေးဒေသဇုန် ဝင်ခွင့်ကောက်ခံရေး လုပ်ငန်းနှင့် စပ်လျဉ်း၍ တင်ဒါဝင်ရောက်ယှဉ်ပြိုင် ခြင်းမပြုရန် ပြည်နယ်အစိုးရက တားမြစ်သည့် ကုမ္ပဏီတစ်ခုကို အာမခံအဖြစ်တင်ပြရမည့် ငွေကျပ် သိန်း ၁၄၀၀၀ နှင့်ညီမျှသော မရွှေ့ပြောင်းနိုင်သည့် ပစ္စည်းများ၏ ပိုင်ဆိုင်မှု စာရွက်စာတမ်းမူရင်းများ ကို တင်ပြခြင်းမရှိဘဲ လုပ်ငန်းဆောင်ရွက်ရန် ခွင့်ပြု ခဲ့သဖြင့် တင်ဒါကြွေးကျန်နှင့် ဒဏ်ကြေးငွေကျပ် သိန်း  ၁၁၀၀၀  ကျော်ကို      ပြန်လည်မရရှိခဲ့ဘဲ နိုင်ငံတော်၏ငွေကြေးများ ထိခိုက်နစ်နာ  ဆုံးရှုံးစေ ခဲ့ကြောင်း။ 
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလင်းထွဋ်၊   အင်းတိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီးဟောင်း ဒေါက်တာထွန်းလှိုင်၊ စီမံ ကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဟောင်း   ဦးစိုးညွန့်လွင် တို့သည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင်   ယခင် ဘဏ္ဍာရေးနှစ်အတွက်   ကြွေးကျန်ပေးသွင်းရန် ကျန်ရှိသောကုမ္ပဏီကို အာမခံအဖြစ် တင်သွင်းရ မည့် ငွေကျပ် ၁၂၁၄၅ သိန်းနှင့် ညီမျှသော   မရွှေ့ ပြောင်းနိုင်သည့်ပစ္စည်းများ၏   ပိုင်ဆိုင်မှု စာရွက် စာတမ်းမူရင်းများကို    တင်ပြခြင်းမရှိဘဲ   ထပ်မံ လုပ်ကိုင်ခွင့်ပြုခဲ့သဖြင့် တင်ဒါကြွေးကျန် ငွေကျပ် သိန်း   ၁၄၀၀၀  ကျော်ကို      ပြန်လည်မရရှိခဲ့ဘဲ နိုင်ငံတော်၏ငွေကြေးများ ထိခိုက်နစ်နာ ဆုံးရှုံးစေ ခဲ့ကြောင်း။


ဦးစိုးမင်းထွန်း၊  ဦးအောင်ကျော်နိုင်နှင့်  ဇနီး ဒေါ်တင်တင်ထွေးတို့သည် အင်းလေးဒေသဇုန်ဝင်ခွင့် ကောက်ခံရေးလုပ်ငန်းအတွက်   မရွှေ့ပြောင်းနိုင် သည့်ပစ္စည်းများ၏ ပိုင်ဆိုင်မှုစာရွက်စာတမ်း မူရင်း များကို အာမခံအဖြစ် တင်ပြခြင်းမရှိဘဲ ပိုင်ဆိုင်မှု စာရင်းကိုသာတင်ပြ၍   လုပ်ကိုင်ခွင့်ရယူခဲ့ခြင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် ကြွေးကျန်နှင့် ဒဏ်ကြေးငွေကျပ် သိန်း ၁၁၀၀၀ ကျော်နှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် ကြွေးကျန် ငွေကျပ် သိန်း ၁၄၀၀၀ ကျော်ကို ယနေ့အထိ ပေးသွင်းမှုမရှိ ခြင်းတို့ကြောင့် နိုင်ငံတော်ကရရှိမည့် ငွေကြေးများ ကို ထိခိုက်နစ်နာဆုံးရှုံးစေခဲ့ကြောင်း။


ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလင်းထွဋ်နှင့်       ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဟောင်း ဦးစိုးညွန့်လွင်တို့သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏   ငွေစာရင်းမှ ငွေကျပ် သိန်း ၄၀၀၀ ကျော်ဖြင့် အခြေခံစားသောက်ကုန် ပစ္စည်းများဝယ်ယူရာတွင် နိုင်ငံတော်သမ္မတရုံး၏ ၁/၂၀၁၇ တင်ဒါစည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်မှုမရှိခြင်း၊         ပြည်နယ်အစိုးရအဖွဲ့၏ ငွေစာရင်းသို့  ပြန်လည်ပေးသွင်းရန်  ကျန်ငွေကျပ် သိန်း ၈၉၀ ကျော်ကိုရရှိအောင်  စီမံဆောင်ရွက်မှု မရှိခြင်း၊ ဘဏ္ဍာရေး  စည်းမျဉ်းစည်းကမ်းများနှင့် အညီ ဆောင်ရွက်မှုမရှိခြင်းတို့ကြောင့် နိုင်ငံတော်၏ ငွေကြေးကို ထိခိုက်နစ်နာဆုံးရှုံးစေခဲ့ကြောင်း။


ရှမ်းပြည်နယ် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဟောင်း ဦးစိုးညွန့်လွင်သည်   ၂၀၂၀   ပြည့်နှစ် အောက်တိုဘာလအတွင်းက တောင်ကြီးမြို့နယ် အေးသာယာမြို့၌     စည်ပင်သာယာရေးဌာနပိုင် ကုန်တင်ယာဉ်ကြီးများ     ရပ်နားဂိတ်နေရာတွင် အဆင့်မြင့်ဆေးရုံ    တည်ဆောက်လုပ်ကိုင်မှုနှင့် ကုန်တင်ယာဉ်ကြီးများရပ်နားစခန်းအား ကုမ္ပဏီပိုင် မြေပေါ်တွင်  တည်ဆောက်၍   အကျိုးတူလုပ်ငန်း လုပ်ကိုင်ရန်ကိစ္စနှင့်စပ်လျဉ်း၍ ကုမ္ပဏီနှစ်ခုထံမှ စုစုပေါင်း ငွေကျပ်သိန်း  ၁၀၀  ကို     လက်ခံရယူခဲ့ ကြောင်းတို့ကို  စစ်ဆေးပေါ်ပေါက်သဖြင့်    ရှမ်း ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ လင်းထွဋ်၊ လျှပ်စစ်၊   စွမ်းအင်နှင့်   စက်မှုဝန်ကြီး ဟောင်း ဦးစိုင်းရှဲန်တစ်လုံ၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဟောင်း ဦးစိုးညွန့်လွင်၊ အင်းတိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးဟောင်း ဒေါက်တာ ထွန်းလှိုင် တို့အပေါ်    အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅   အရ  လည်းကောင်း၊    ဦးစိုးမင်းထွန်း၊ ဦးအောင်ကျော်နိုင်နှင့် ဇနီး ဒေါ်တင်တင်ထွေးတို့ အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅/၆၃ အရလည်းကောင်း ရှမ်းပြည်နယ် တောင်ကြီး မြို့မရဲစခန်းတွင် ဇူလိုင် ၁၆ ရက်၌ ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ်၍  တရားစွဲဆို အရေးယူနိုင် ရေး ဆောင်ရွက်လျက်ရှိကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ သတင်းရရှိသည်။

သတင်းစဉ်