တပ်မတော်မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူပြုပစ္စည်းများနှင့် အောက်ဆီဂျင်အိုးများ လှူဒါန်းလျက်ရှိ

 

နေပြည်တော်  ဇူလိုင်  ၁၆


လက်ရှိအချိန်တွင်   ကိုဗစ်-၁၉   ရောဂါ တတိယလှိုင်းဖြစ်ပွားမှု မြင့်တက်လျက်ရှိပြီး  ဓာတ်ခွဲအတည်ပြု   ပိုးတွေ့လူနာများနှင့် သီးသန့်    စောင့်ကြည့်ရမည့်သူများကို တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊  ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာ  များတွင်     ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို တပ်မတော်သား ဆရာဝန်  များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့များပူးပေါင်း၍     အင်တိုက် အားတိုက် ဆောင်ရွက်ပေးလျက်ရှိပြီး ထိုသို့ ဆောင်ရွက်ပေးရာတွင် အထောက်အကူဖြစ် စေရန်အတွက်    ကာကွယ်၊   ထိန်းချုပ်၊ ကုသရေးပစ္စည်းများ၊ အောက်ဆီဂျင်အိုးများ နှင့်   အာဟာရဖြည့်   စားသောက်ဖွယ်ရာ များကို     တပ်မတော်က     သွားရောက် ထောက်ပံ့ လှူဒါန်းပေးလျက်ရှိသည်။


ထိုသို့     ပေးအပ်လှူဒါန်းလျက်ရှိရာ ဇူလိုင် ၁ ရက်မှ ယနေ့အထိ တိုင်းဒေသ  ကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံ များ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေး  ဌာနများ၊  ကိုဗစ်စင်တာများ၊  ဘာသာရေး ကျောင်းများ၊   စာသင်ကျောင်းများနှင့်  ဒေသခံပြည်သူလူထုများသို့  သက်ဆိုင်ရာ  တိုင်းစစ်ဌာနချုပ်အသီးသီးရှိ    နယ်မြေခံ  တပ်မတော်သားများက အောက်ဆီဂျင်အိုး  ၅၆၆ လုံး၊ Surgical Mask ၂၈၀၁၆၂ ခု၊   Personal Protective Equipment(PPE)ဝတ်စုံ ၁၀ စုံ၊ Hand Gel ၄၇၉ ဘူး၊  Face Shield ၁၅၀၊ လက်ဆေးဆပ်ပြာရည် ၄ ပုံး၊ လက်အိတ် Surgical  Gloves  ၁၀၀၊  စက်သုံးဆီများ၊ အာဟာရဖြည့် စားသောက် ဖွယ်ရာများနှင့် အလှူငွေများကိုသွားရောက် ပေးအပ်လှူဒါန်းနိုင်ခဲ့ပြီး       ဆက်လက် ပေးအပ်လှူဒါန်းသွားမည်     ဖြစ်ကြောင်း သိရှိရသည်။


သတင်းစဉ်