
နေပြည်တော် ဇူလိုင် ၁၆
နိုင်ငံခြားသားများ ကြီးကြပ်ကွပ်ကဲရေး ဗဟိုကော်မတီ၏ လုပ်ငန်း ကော်မတီတစ်ရပ်ဖြစ်သည့် ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် အစိုးရ မဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများ ကြီးကြပ်စောင့်ရှောက် ရေး လုပ်ငန်း ကော်မတီ၏ (၁/၂၀၂၁) ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ virtual format ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် ကုလ သမဂ္ဂအဖွဲ့အစည်းများနှင့် အစိုးရ မဟုတ်သော နိုင်ငံတကာအဖွဲ့ အစည်းများ ကြီးကြပ်စောင့် ရှောက်ရေးလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က အဆိုပါအဖွဲ့အစည်း များနှင့်သာမက ပြည်ထောင်စု ဝန်ကြီးဌာနများ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် ဌာနများအကြား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားရန် အရေးကြီး ကြောင်း၊ လူသားချင်း စာနာ ထောက်ထားမှု အကူအညီများနှင့် ဖွံ့ဖြိုးတိုးတက်မှု အကူအညီများ သည် တစ်ခုနှင့်တစ်ခု ချိတ်ဆက် နေပြီး အကူအညီများရယူရာတွင် ရှုထောင့်နှစ်ခုလုံးကို ထည့်သွင်း စဉ်းစားရန် လိုအပ်ကြောင်း ပြောကြားသည်။
ချိတ်ဆက်ဆောင်ရွက်
ဆက်လက်၍ ကော်မတီအဖွဲ့ ဝင်များက သက်ဆိုင်ရာဝန်ကြီး ဌာနအလိုက် လက်မှတ်ရေးထိုး ထားသည့် နားလည်မှုစာချွန်လွှာ များမှတစ်ဆင့် လက်ရှိပူးပေါင်း ဆောင်ရွက်မှုများ၊ မှတ်ပုံတင်မှု၊ အစီရင်ခံမှု၊ အကဲဖြတ်မှုလုပ်ငန်း စဉ်များနှင့်ပတ်သက်၍ သက်ဆိုင် ရာ အေဂျင်စီများ၊ အဖွဲ့အစည်း များနှင့် ချိတ်ဆက်ဆောင်ရွက် နေမှုများကို ဆွေးနွေးကြသည်။
အကြုံပြုတင်ပြ
ထိုနောက် ကုလသမဂ္ဂအဖွဲ့ အစည်းများနှင့် အစိုးရမဟုတ် သော နိုင်ငံတကာအဖွဲ့အစည်း များ ကြီးကြပ်စောင့်ရှောက်ရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး ဖြစ်သူ အပြည်ပြည်ဆိုင်ရာ အဖွဲ့ အစည်းများနှင့် စီးပွားရေးဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တွဲဖက်အတွင်းရေးမှူး ဖြစ်သူ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံ ခြား စီးပွားဆက်သွယ်ရေးဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ်တို့က ပိုမိုထိရောက်သော ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်မှုများအတွက် ဆက်လက် ဆောင်ရွက်ရန် လုပ်ငန်းစဉ်များအား အကြုံပြု တင်ပြကြသည်။
သတင်းစဉ်