
တိုင်းပြည်ကို လိမ်နေကြတဲ့ လူညာတွေ၊ အကျင့်ပျက်တွေ၊ သတ္တိကြောင်တွေဟာ ကိုယ့်အစွမ်းကို အားမကိုးဘဲ လူတွေက ကြည်ညိုတန်ကောင်းရဲ့ဆိုတဲ့ ပုဂ္ဂိုလ်တစ်ဦးဦးကို ဗန်းပြပြီးလာစေကာမူ ဘယ်နည်းနဲ့မျှ အားမပေးကြပါနဲ့။ ခင်ဗျားတို့လည်ပင်း ခင်ဗျားတို့ ကြိုးတပ်ချင်ရင်ဖြင့် ကျုပ်ဘာမှ မပြောလိုတော့ဘူး။
သို့သော်လည်း ခင်ဗျားတို့ ဒါမျိုးအလုပ်မခံချင်ရင် ခင်ဗျားတို့အကျိုးဖြစ်စေချင်ရင် ဒီလူညာတွေ၊ အကျင့်ပျက်တွေ၊ သတ္တိကြောင်တွေကို ရှောင်ရှားကြပါ။
( ဗိုလ်ချုပ်အောင်ဆန်း ၁၉၄၅ ခုနှစ်၊ ဩဂုတ်လ ပြည်သူ့အစည်းအဝေးကြီးတွင် မြွက်ကြားသည့် မိန့်ခွန်းမှကောက်နုတ်ချက်)