ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန် ပြည်တွင်းထုတ်လုပ်မှုတိုးမြှင့်ခြင်းသာမက ပြည်ပမှအောက်ဆီဂျင်များကိုပါ အင်တိုက်အားတိုက် ထုတ်လုပ်ဖြန့်ဝေလျက်ရှိ

 

နေပြည်တော်   ဇူလိုင်    ၁၆ 


ကိုဗစ် -၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အောက်ဆီဂျင်လိုအပ်ချက်များ ဖြစ်ပေါ်ခဲ့သဖြင့်  အောက်ဆီဂျင် လိုအပ် ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက်  နိုင်ငံတော်နှင့် တပ်မတော်ပိုင် Oxygen Plant များ၊ ပုဂ္ဂလိကပိုင် Oxygen Plant  များတွင် တိုးမြှင့်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက် ရှိသကဲ့သို့ စေတနာရှင်အလှူရှင်များက စုပေါင်းလှူဒါန်းငွေများဖြင့် လည်း  အောက်ဆီဂျင်နှင့် ဆက်စပ်ပစ္စည်းများကို ပြည်ပနိုင်ငံများမှ မှာယူတင်သွင်းပေးလျက်ရှိပြီး  လိုအပ်သည့်နေရာများသို့  ပို့ဆောင် ဖြန့်ဝေပေးလျက်ရှိသည်။


ထိုသို့   တင်သွင်းဖြန့်ဝေပေးလျက်ရှိရာ   ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ပြည်သူ့ဆေးရုံများနှင့် ကိုဗစ်စင်တာများအတွက် ပြည်ပမှ မှာယူထားသည့် 
ဆေးရုံသုံး     အောက်ဆီဂျင်     ဓာတ်ငွေ့ရည်          တင်ဆောင်လာ သည့်   မက်ထရစ်တန်   ၂၀ဆံ့ မော်တော်ယာဉ် နှစ်စီးသည် ဇူလိုင် ၁၅ ရက် ည ၈ နာရီနှင့် ယနေ့ နံနက်      ၃      နာရီခန့်တို့တွင်ရန်ကုန်မြို့သို့   ရောက်ရှိခဲ့သည်။ ထိုသို့ရောက်ရှိလာသည့်  Liquid Oxygen အရည်များကို  ဇူလိုင် ၁၅ ရက် ညပိုင်းနှင့်  ယနေ့နံနက်ပိုင်း တွင်     မြောက်ဥက္ကလာပမြို့နယ်ရှိ  မြောက်ဥက္ကလာပ  ဆေးရုံကြီး၊    ဝေဘာဂီအထူးကုဆေးရုံ၊ လသာ မြို့နယ်ရှိ    ရန်ကုန်ပြည်သူ့ဆေးရုံ ကြီးတို့ရှိ ဖိအားမြင့် အောက်ဆီဂျင် သိုလှောင်ကန်များ    အတွင်းသို့   ကျွမ်းကျင်သူ    နည်းပညာရှင် များက  ဖြည့်သွင်းပေးကြသည်။   ယင်းသို့   Liquid Oxygen များ ဖြည့်သွင်းမှုကို     ရန်ကုန်တိုင်း ဒေသကြီး      စီမံအုပ်ချုပ်ရေး     ကောင်စီဥက္ကဋ္ဌ     ဦးလှစိုးနှင့်  အဖွဲ့ဝင်များ၊   ရန်ကုန်တိုင်းစစ်ဌာန ချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ တို့က     အနီးကပ်ကြည့်ရှု၍    လိုအပ်သည်များ  မှာကြားခဲ့သည်။


အဆိုပါ    ရောက်ရှိလာသော Liquid     Oxygen  များကို ဆေးရုံများနှင့်    ကိုဗစ်ကုသရေး စင်တာများတွင်      တက်ရောက် ကုသခံနေသော   လူနာများ အောက်ဆီဂျင်   လိုအပ်နေသည့်       ပြည်သူများအတွက် တပ်မတော်၊ ကျန်းမာရေးနှင့်      အားကစား ဝန်ကြီးဌာန၊     တိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီနှင့် အလှူရှင် များ၏ ငွေအားလူအားအကူအညီ များဖြင့်    ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အောက်ဆီဂျင် လိုအပ် လျက်ရှိသော     ဆေးရုံများနှင့် ပြည်သူများထံသို့      စနစ်တကျ ဖြန့်ဖြူး  လှူဒါန်းပေးမည်ဖြစ် ကြောင်း     သိရသည်။   ထို့ပြင် အောက်ဆီဂျင်လိုအပ်မှုမရှိစေရေးအတွက်   စေတန၁ရှင်၊  အလှူရှင် များ၏ စေတနာသဒ္ဓါ ထက်သန်စွာ လှူဒါန်းသော ငွေများဖြင့် Liquid Oxygen မက်ထရစ်တန်  ၂၀ဆံ့ ကား ၂၆ စီးစာ   ဝယ်ယူပြီးဖြစ်၍ မကြာမီ        ရက်ပိုင်းအတွင်း ရန်ကုန်မြို့သို့  ဆက်လက်ရောက်ရှိ လာမည်ဖြစ်ကြောင်း သိရသည်။


ဆက်လက်၍ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့် တိုင်းမှူးတို့က ကမာရွတ်မြို့နယ်ရှိ မြန်မာ့သင်္ဘောကျင်း   လုပ်ငန်း၌ Liquid    Oxygen  များအား ဆေးရုံနှင့်    ကိုဗစ်စင်တာများသို့ ဖြန့်ဝေပေးမှု    လုပ်ငန်းများကို လည်းကောင်း၊   မြန်မာစီးပွားရေး ကော်ပိုရေးရှင်းပိုင်      အင်းစိန် မြို့နယ်ရှိ ရွာမသံမဏိစက်ရုံတွင် အောက်ဆီဂျင်အိုး     အမျိုးမျိုး ထုတ်လုပ်နေမှု      များကိုလည်း ကောင်း    သွားရောက်ကြည့်ရှု စစ်ဆေးပြီး  အရည်အသွေးပြည့် မီသည့်      အောက်ဆီဂျင်များကို အရေအတွက်   များများထုတ်လုပ် နိုင်ရန်အတွက် လိုအပ်သည်များ မှာကြားသည်။ 


အလားတူ     အောက်ဆီဂျင် လိုအပ်ချက်    မရှိစေရေးအတွက် မြန်မာစီးပွားရေး ကော်ပိုရေးရှင်း မင်းဓမ္မ  အောက်ဆီဂျင်ဓာတ်ငွေ့ စက်ရုံမှ         တစ်ရက်လျှင် အောက်ဆီဂျင် ကုဗပေ ၁၄၉၀၀၀ ကျော်နှင့်       မြောင်းတကာ အောက်ဆီဂျင် ဓာတ်ငွေ့စက်ရုံမှ တစ်ရက်လျှင်    အောက်ဆီဂျင် ကုဗပေ  ၁၂၀၀၀၀ကို  နေ့စဉ်ထုတ် လုပ်ဖြန့်ဝေပေးလျက်ရှိပြီး ရန်ကုန် တိုင်းဒေသကြီးနှင့်      ပဲခူးတိုင်း ဒေသကြီးအတွင်းရှိ      ပြည်သူ့ ဆေးရုံများ၊   တပ်မတော်ဆေးရုံ များ၊ ကိုဗစ်စင်တာများသို့  ဖြန့်ဝေ ပေးလျက်ရှိကြောင်း သိရသည်။


ထို့အတူ    နေပြည်တော် ကောင်စီနယ်မြေ  ဇဗ္ဗူသီရိမြို့နယ် ရှိ      ပြည်သူ့ဆေးရုံကြီး(ခုတင်- ၁၀၀၀)၌       တစ်ရက်လျှင် အောက်ဆီဂျင်   လီတာ ၄၀၊ အလုံး ၅၀   ထုတ်လုပ်နိုင်သည့်  Oxygen Plant နှင့်     တစ်ရက်လျှင် အောက်ဆီဂျင် လီတာ ၄၀၊ ၂၄ လုံး ထုတ်လုပ်နိုင်သည့်      Oxygen Plant တို့ကို     လည်းကောင်း၊ ပုဗ္ဗသီရိမြို့နယ်ရှိ        ပြည်သူ့ ဆေးရုံ(ခုတင်-၃၀၀)၌ Oxygen  Liquid မှ Gas အဖြစ် တစ်ရက်လျှင် အောက်ဆီဂျင် လီတာ ၄၀  အလုံး ၁၄၄၀ ထုတ်လုပ်နိုင်သည့်Oxygen Plant တစ်လုံးကို    လည်းကောင်း၊  ဇေယျာသီရိမြို့နယ်ရှိ တပ်မတော် သားဖွားမီးယပ်နှင့် ကလေးဆေးရုံ  (ခုတင်-၃၀၀)၌ အောက်ဆီဂျင် လီတာ ၄၀ အလုံး ၈၀ထုတ်လုပ် နိုင်သည့် Oxygen Plant တစ်လုံး ကိုလည်းကောင်း    အသီးသီး တပ်ဆင်    စမ်းသပ်လျက်ရှိပြီး     မကြာမီ     ရက်ပိုင်းအတွင်း အောက်ဆီဂျင် လိုအပ်ချက်များကို ထုတ်လုပ်ပေး နိုင်မည်ဖြစ်ကြောင်း သိရသည်။


၎င်းအပြင် ဇူလိုင် ၁၅ ရက် တွင်  ရှမ်းပြည်နယ် (မြောက်ပိုင်း) လောက်ကိုင်မြို့နှင့် ချင်းရွှေဟော် မြို့တို့ရှိ   နယ်စပ်ကုန်သွယ်ရေး ဂိတ်များမှတစ်ဆင့်   ရောက်ရှိလာ သည့် အောက်ဆီဂျင် လီတာ ၄၀၊ အလုံး ၂၀၀ကို      လားရှိုးမြို့၊     ကျောက်မဲမြို့၊ နောင်ချိုမြို့၊ မန်တုံ မြို့၊ နမ့်ဆန်မြို့၊ နမ္မတူမြို့များနှင့် သီပေါမြို့တို့ရှိ    ပြည်သူ့ဆေးရုံ များနှင့်  ဧရာဝတီတိုင်းဒေသကြီးသို့လည်းကောင်း၊ ကရင်ပြည်နယ် မြဝတီမြို့ရှိ နယ်စပ်ကုန်သွယ်ရေး ဂိတ်မှတစ်ဆင့်     ရောက်ရှိလာ သည့် အောက်ဆီဂျင်အရည် ၃၆ တန်၊ လီတာ   ၄၀၊ အလုံး ၄၉၀၊ ၁၀လီတာ အလုံး ၄၀၊ လီတာ ၄၀ အိုးအလွတ် ၂၂ လုံးနှင့် အောက်ဆီ ဂျင်ဆက်စပ်ပစ္စည်းအစုံ  ၄၀ တို့ကို ကရင်ပြည်နယ်    မြဝတီမြို့နှင့်    မွန်ပြည်နယ်   မော်လမြိုင်မြို့တို့ရှိ     ပြည်သူ့ဆေးရုံများ၊ ကိုဗစ်စင်တာ များနှင့်  ရန်ကုန်မြို့များသို့လည်း ကောင်း၊   တနင်္သာရီတိုင်းဒေသ ကြီး   ထားဝယ်မြို့သို့    ရောက် ရှိလာသည့်  အောက်ဆီဂျင် အလုံး ၂၅၀ ကို  ပြည်သူ့ဆေးရုံများ နှင့်   တပ်မတော်ဆေးရုံများသို့ လည်း ကောင်း     အသီးသီးဖြန့်ဝေပေး လျက်ရှိကြောင်း  သိရသည်။ 


ထို့ပြင် ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများကို ပုဂ္ဂလိက    လုပ်ငန်းရှင်များမှ တစ်ဆင့်လည်း  တင်သွင်းခွင့်ပြု ထားရာ  ရန်ကုန်မြို့ရှိ ပုဂ္ဂလိက ကုမ္ပဏီ  တစ်ခုမှ  တင်သွင်းလာ သည့် အောက်ဆီဂျင် လီတာ၄၀ ဆံ့ ၃၃၃ လုံးနှင့် Regulator ၃၃၃ ခုတို့သည် ရှမ်းပြည်နယ်   (မြောက် ပိုင်း)     ချင်းရွှေဟော်နပ်စပ်  ကုန် သွယ်ရေးဂိတ်မှတစ်ဆင့် ရောက် ရှိလာပြီး ရန်ကုန်တိုင်းဒေသကြီးသို့ ဆက်လက်ပို့ဆောင်      ဖြန့်ချိသွား မည်ဖြစ်ကြောင်း  သိရသည်။


တိုင်းဒေသကြီးနှင့်     ပြည်နယ် အသီးသီး၌ အောက်ဆီဂျင် လိုအပ် ချက်များ    မရှိစေရေးအတွက် ကျန်းမာရေးနှင့်   အားကစား ဝန်ကြီးဌာနမှ Oxygen Plant ကို တိုးမြှင့်  တပ်ဆင်လည်ပတ်လျက် ရှိပြီး တပ်မတော်အနေဖြင့်လည်း တိုင်းစစ်ဌာနချုပ်       နယ်မြေ အသီးသီးတွင်  Oxygen Plant များကို  တပ်ဆင်ထုတ်လုပ်ပေး လျက်ရှိကြောင်းနှင့် အောက်ဆီ ဂျင်လိုအပ်ချက်များ   မရှိစေရေး Oxygen   Plant  အသစ် များကိုလည်း      ထပ်မံတိုးချဲ့ တပ်ဆင်နိုင်ရေး    လုပ်ဆောင် လျက်ရှိကြောင်း သတင်းရရှိသည်။


သတင်းစဉ်