ရွှေသွေးဂျာနယ်ထွက်ရှိ

 

နေပြည်တော်  ဇူလိုင်  ၁၅


ပြန်ကြားရေးဝန်ကြီးဌာန    ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန     စာပေဗိမာန်ရုံးက အပတ်စဉ် စနေနေ့တိုင်း     ရွှေသွေးဂျာနယ်ကို   ထုတ်ဝေဖြန့်ချိလျက်ရှိသည်။ 
ဇူလိုင်လ  ၁၇ ရက်      (စနေနေ့)တွင်   ထုတ်ဝေမည့်  ရွှေသွေးဂျာနယ်တွင်    ကလေး များအနေဖြင့်    ကျောင်းအားချိန်တွင်   မိဘ များကို     ကူညီဆောင်ရွက်ပေးသင့်ကြောင်း နှင့်     မိမိဆောင်ရွက်ရမည့်    ကိစ္စများကို      မြန်မြန်ဆန်ဆန်   လုပ်ဆောင်သင့်ကြောင်းကို       ပညာပေးရေးဖွဲ့ထားသည့်     “ပုပုပါဝင်သည့်   စာစီစာကုံး”    မျက်နှာဖုံး ဇာတ်လမ်း၊ မြန်မာ လူမျိုးတို့၏ မင်္ဂလာရှိသော  အခမ်းအနားများ တွင် တီးမှုတ်လေ့ရှိသော  ခရုသင်းအကြောင်း ကို    ရေးဖွဲ့ထားသည့်    “ခရုသင်းအကြောင်း သိကောင်းစရာ”    သုတဆောင်းပါးနှင့်  နိုင်ငံ ရပ်ခြားက   ကလေးများဆိုသော   သင်ခန်းစာ များတွင်ပါရှိသည့်         ကလေးများကဲ့သို့ ဝတ်စားဆင်ယင်ကာ    အဝတ်အစားပြပွဲ ပြုလုပ်ကြသော တိုးတိုးတို့   သူငယ်ချင်းတစ်စု အကြောင်းကို  တင်ဆက်ထားသည့် ဆရာမ ညိမ်းရှင်မယ်၏ “တိုးတိုးတို့ သူငယ်ချင်းတစ်စု”     သုတဆောင်းပါး၊ ဖြတ်ထိုးဉာဏ်ကောင်းပြီး ဟာသဉာဏ်ရွှင်သော    ကျောင်းသားလေး ပေါက်ကျော်အကြောင်းကို    တင်ဆက်ထား သည့်     ကာတွန်းအောင်အောင်ထွေး၏  “ပေါက်ကျော်ပါဝင်သည့်       အနက်ရောင်” နှစ်မျက်နှာ ကာတွန်း၊     မိမိ၏ပတ်ဝန်း ကျင်          သာယာစိုပြည်စေရေးအတွက် ထိန်းသိမ်းစောင့်ရှောက်ရန်         မိမိတို့တွင်  တာဝန်ရှိကြောင်းကို   ပညာပေးတင်ဆက် ထားသည့်         ဆရာညွန့်ဝင်း (နတ်တလင်း) ၏ “တို့မှာ တာဝန်ရှိပါသည်” ဝတ္ထု၊  ရေကန် ၌     ရေကူးခွင့်မရသဖြင့် စွန်လွှတ်ဟန်ဆောင် ကာ    ငါးမျှားနေသော သူငယ်ချင်းနှစ်ယောက် ၏  ဉာဏ်များပုံကို တင်ဆက်ထားသည့်   ကာတွန်းဇက်တီ၏    “ငါးမျှားပြန်မယ်”   နှစ်မျက်နှာကာတွန်း၊ နာမ်ရှေ့တွဲသုံး စကား များ         (Determiner)    အကြောင်းကို လေ့ကျင့်ခန်းများနှင့်တကွ  တင်ဆက်ထား သည့်    “ရွှေသွေးအင်္ဂလိပ်သဒ္ဒါ”    အင်္ဂလိပ် စာ သင်ခန်းစာကဏ္ဍ၊ ဉာဏ်စမ်းကဏ္ဍနှင့် ကဗျာကဏ္ဍစုံလင်စွာဖြင့် ဖတ်စရာ မှတ်စရာ များပါရှိကြောင်း သိရှိရသည်။


သတင်းစဉ်