
နေပြည်တော် ဇူလိုင် ၁၄
မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၊ တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နှင့် ပလောက်မြို့၊ ဧရာဝတီတိုင်း ဒေသကြီး ဟင်္သာတမြို့၊ ကြံခင်းမြို့၊ လေးမျက်နှာမြို့၊ အင်္ဂပူမြို့နှင့် ဖျာပုံမြို့များရှိ လူစည်ကားရာ ဘုရားစေတီများ၊ ဈေးများ၊ လမ်းများ၌ ဒေသခံပြည်သူများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ နယ်မြေခံ တပ်မတော်သားများက ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်အတူ နှာခေါင်း စည်း ၁၈၇၀၀ ကို ဒေသခံပြည်သူများ၏ လက်ဝယ်အရောက် အခမဲ့ ပေးဝေလှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်