
ကျိုင်းတုံ ဇူလိုင် ၁၄
ကျိုင်းတုံ၌ ဆေးဘက်ဆိုင်ရာ အောက်ဆီဂျင်ထုတ် စက်ရုံတည် ဆောက်မည်ဖြစ်ပြီး စေတနာ ရှင်များက စက်ရုံတည်ဆောက် ရေးအတွက် ပါဝင်လှူဒါန်းလျက် ရှိကြောင်း သိရသည်။
“လောလောဆယ် ရည်ရွယ် ထားတာက တစ်လအတွင်း ရန်ကုန်အရောက် ဒေါ်လာ ၅ သောင်းတန်စက် ရည်ရွယ်ထား ပါတယ်။ တစ်နာရီကို ၄၀ လီတာဝင် ဆလင်ဒါအိုး လေးလုံး ထွက်မှာ ဖြစ်ပါတယ်။ အမြန် ဆုံးတည်ဆောက်ဖို့ ကြိုးစား နေပါ တယ်” ဟု ကျိုင်းတုံခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီဥက္ကဋ္ဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းသိန်းက ပြောသည်။
ကျိုင်းတုံမြို့ အပါအဝင် အခြားမြို့နယ်များ၌ အောက်ဆီ ဂျင်ကို တာချီလိတ်မြို့ တစ်ဖက် ကမ်း၌ သွားရောက်ဝယ်ယူရခြင်း ဖြစ်ပြီး ဒေသတွင်း ကိုဗစ်-၁၉ ရောဂါ အတည်ပြု လူနာများခဲ့ လျှင် အောက်ဆီဂျင် လိုအပ်သည့် အခက်အခဲရှိမည် ဖြစ်သည်။
သို့ဖြစ်၍ အောက်ဆီဂျင်ထုတ် စက်ရုံ အမြန်ဆုံး တည်ဆောက် နိုင်ရန် ဆောင်ရွက်ခြင်းဖြစ်ပြီး အခြားမြို့နယ်များ၏ အောက်ဆီ ဂျင် လိုအပ်ချက်ကိုလည်း ဖြည့်ဆည်း ပေးနိုင်မည်ဖြစ် ကြောင်း ၎င်းက ဆက်ပြော သည်။
အောက်ဆီဂျင်ထုတ် စက် တည်ဆောက်ရေးအတွက် ကျိုင်း တုံခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီအဖွဲ့ထံသို့ စေတနာရှင် များက ငွေကြေးလာရောက် လှူဒါန်းလျက်ရှိပြီး လှူဒါန်း လိုသူများအနေဖြင့် ဖုန်း ၀၉- ၂၆၅ ၁၀၈ ၀၆၈၊ ၀၉- ၅၂၅၀၄၈၁ သို့ ဆက်သွယ် လှူဒါန်းနိုင် ကြောင်း သိရသည်။
ကျိုင်းတုံမြို့တွင် ဇွန် ၂၉ရက် မှ ဇူလိုင် ၁၄ရက်အထိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ၂၈ ဦး တွေ့ရှိထားပြီး ရှမ်းပြည်နယ် (အရှေ့ပိုင်း)အတွင်း အချို့မြို့နယ် များတွင်လည်း ကူးစက်မှုများ ရှိ နေကြောင်း သိရသည်။
မောင်မောင်နိုင်
(ကျိုင်းတုံ)