ဘရူနိုင်းနိုင်ငံတွင်  ပြည်ပမှ ကိုဗစ် - ၁၉ ကူးစက်ခံရသူ ခုနစ်ဦးတွေ့ရှိ 


 

ဘမ်ဒါဆီရီဘီဂါဝန်   ဇူလိုင်  ၁၂


ဘရူနိုင်းနိုင်ငံတွင်  ဇူလိုင် ၁၁ ရက် ကိုဗစ် - ၁၉ ကူးစက်ခံရသူ ခုနစ်ဦးတွေ့ရှိခဲ့ပြီး ရက်ပေါင်း ၁၂၀ အတွင်း ကူးစက်မှုအများဆုံး ဖြစ်ကာ ကူးစက်မှုစုစုပေါင်း ၂၇၅ ဦး ရှိလာသည်ဟု သိရသည်။ 
ဘရူနိုင်းကျန်းမာရေးဌာန၏  ပြောကြားချက်အရ ကူးစက်ခံ လာရသူ ခုနစ်ဦးအနက် ငါးဦးမှာ ဇွန် ၂၇ ရက်တွင်  အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမှ ပြန်လာကြသူများဖြစ်သည်။ 
ကျန်နှစ်ဦးမှာမူ   ဘရူနိုင်းနိုင်ငံကို  ရောက်ရှိပြီးမှ ရောဂါ လက္ခဏာပြသူများဟု သိရသည်။ ကူးစက်ခံရသူများထဲမှ တစ်ဦးမှာ အခြားသူများနှင့်ထိတွေ့မှုရှိသည့်အတွက် ထိတွေ့မိသူများကို ခြေရာခံလိုက်လျက်ရှိပြီး ကျန်လူများမှာမူ ထိတွေ့မှုမရှိဟု သိရ သည်။
အသစ်တွေ့ရှိရသည့်    ကူးစက်ခံရသူများကို  အမျိုးသား သီးသန့်စောင့်ကြည့်ရေးစင်တာတွင် ကုသမှုပေးလျက်ရှိကြောင်း သိရသည်။
ဆင်ဟွာ