
နယူးဒေလီ ဇူလိုင် ၁၂
အိန္ဒိယနိုင်ငံ ဥတ္တရာပရာဒေ့ရှ်၊ ရာဂျက်စ်သန်နှင့် မက်ဒ်ရာပရာဒေ့ရှ် တို့တွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း မိုးသည်းထန်စွာ ရွာသွန်းစဉ် မိုးကြိုးပစ်မှုကြောင့် သေဆုံးသူ ၇၀ နီးပါးရှိသည်ဟု အစိုးရအရာရှိ များက ဇူလိုင် ၁၂ ရက်တွင် ပြောကြားခဲ့သည်။
ဥတ္တရာပရာဒေ့ရှ်တွင် မိုးကြိုးပစ်မှုကြောင့် သေဆုံးသူဦးရေမှာ ၄၂ ဦးရှိပြီး မက်ဒ်ရာပရာဒေ့ရှ်တွင် ခုနစ်ဦး သေဆုံးကာ ရာဂျက်စ် သန်တွင်မူ ၂၀ ထက်မနည်း သေဆုံးခဲ့သည်ဟု မီဒီယာများတွင် ဖော်ပြကြသည်။
အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီကလည်း သေဆုံးသွားသူ များအတွက် ဝမ်းနည်းကြောင်းပြောကြားခဲ့ပြီး ရာဂျက်စ်သန်နှင့် အချို့သောဒေသများတွင် မိုးကြိုးပစ်မှုကြောင့် လူအချို့သေဆုံးခဲ့ ရသည်ဟု ပြောသည်။
ကျန်ရစ်ခဲ့သော မိသားစုများနှင့်အတူ ထပ်တူဝမ်းနည်းမိကြောင်း ပြောကြားခဲ့သည်။ ရာဂျက်စ်သန် ပြည်နယ်ဝန်ကြီးချုပ်ကလည်း သေဆုံးသွားသူများအတွက် နစ်နာကြေးထောက်ပံ့ငွေကို ကျန်ရစ်သူမိသားစုများထံ ပေးအပ်သွားမည်ဟု ကြေညာခဲ့ သည်။
ဆင်ဟွာ