
အဒစ္စအဘာဘာ ဇူလိုင် ၁၂
အာဖရိတစ်လွှား ကိုဗစ် - ၁၉ ကူးစက်မှုများမှာ ဇူလိုင် ၁၁ ရက် တွင် ၅၉၁၉၄၀၈ ဦးအထိ ရှိလာ သည်ဟု အာဖရိက ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေး စင်တာက ပြောသည်။ အာဖရိက ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ် ရေးစင်တာသည် အာဖရိကသမဂ္ဂ အတွက် ကျန်းမာရေးစောင့်ရှောက် မှု အေဂျင်စီဖြစ်ပြီး ကပ်ရောဂါ ကြောင့် သေဆုံးမှုနှုန်းမှာလည်း ၁၅၁၂၃၂ ဦးရှိသည်။
အာဖရိက တစ်တိုက်လုံးတွင် ရောဂါ ကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာလာသူ အရေ အတွက်မှာ ၅၁၅၅၄၅၂ ဦးအထိ ရှိလာသည်။
တောင်အာဖရိက၊ မော်ရိုကို၊ တူနီးရှား၊ အီသီယိုးပီးယားနှင့် အီဂျစ်နိုင်ငံတို့သည် အာဖရိက တိုက်တွင် ကိုဗစ် - ၁၉ အဆိုးရွား ဆုံး ကူးစက်ခံနေရသည့် နိုင်ငံများ ဖြစ်သည်ဟု အာဖရိက ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေး စင်တာက ပြောသည်။
တောင်အာဖရိကသည် အာ ဖရိကတိုက်တွင် ကိုဗစ် - ၁၉ ကူးစက်မှု အများဆုံးဖြစ်ပြီး ကူးစက်မှုပေါင်း ၂၁၇၉၂၉၇ ဦးရှိ သည်။ မြောက်အာဖရိကနိုင်ငံဖြစ် သည့်မော်ရိုကိုတွင်မူ ကူးစက်မှု ပေါင်း ၅၄၁၄၀၅ ဦးရှိသည်။
တွက်ချက်မှုများအရ တောင် အာဖရိကနိုင်ငံမှာ ကူးစက်မှု အများဆုံးဖြစ်ပြီး အာဖရိက မြောက်ပိုင်းနှင့် အရှေ့ပိုင်းဒေသတို့ မှာ ယင်းနောက်ကူးစက်မှုအများဆုံးများဖြစ်ကြသည်။ ဗဟို အာဖရိကမှာ ကူးစက်မှု အနည်း ဆုံးဟု သိရသည်။
ဆင်ဟွာ