နမ့်လန်မြို့ရှိ ဖြူစင်နှလုံးသား ပရဟိတအသင်းသို့ လူနာတင်ယာဉ်တစ်စီး လှူဒါန်း

သီပေါ   ဇူလိုင်   ၁၁ 
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် နမ့်လန်မြို့ ဖြူစင်နှလုံးသား ပရဟိတအသင်းသို့ လူမှုကူညီရေးလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်စေရန် ငွေကျပ် သိန်း ၁၄၀ ကျော်တန်ဖိုးရှိ    လူနာတင်ယာဉ် (လိုင်စင်ပါ) တစ်စီး ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းက ပြည့်ဝရတနာ ရောင်းဝယ်ရေး    ဦးအောင်မျိုးဝင်း- ဒေါ်နန်းနု  နေအိမ်၌ ကျင်းပ သည်။ 
ရှေးဦးစွာ အလှူရှင် ဦးအောင်မျိုးဝင်းက လူနာတင်မော်တော်ယာဉ် လှူဒါန်းရခြင်းအကြောင်းကို ပြောကြား၍ နမ့်လန်အုပ်စုအုပ်ချုပ်ရေးမှူး ဦးစိုင်းရွန်းက  ဂုဏ်ပြုစကားပြောကြားပြီး ဖြူစင်နှလုံးသားပရဟိတ အသင်းဥက္ကဋ္ဌ ဦးရန်နိုင်စိုးက ကျေးဇူးတင်စကား ပြန်လည်ပြောကြား သည်။ 
ထို့နောက် အလှူရှင်   ဦးအောင်မျိုးဝင်းက  မော်တော်ယာဉ်နှင့် စပ်လျဉ်းသည့် စာရွက်စာတမ်းများကို ဖြူစင်နှလုံးသား ပရဟိတအသင်း ဥက္ကဋ္ဌ ဦးရန်နိုင်စိုးထံ ပေးအပ်လှူဒါန်းသည်။                  

စိုင်းသာလှိုင်