
မော်လမြိုင် ဇူလိုင် ၁၁
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် ကျိုက္ခမီရေလယ်ဆံတော်ရှင်မြတ်ဘုရားသို့ ရပ်နီးရပ်ဝေးမှ ရဟန်းရှင်လူပြည်သူများ လာရောက်ဖူးမြော်ကြည်ညိုခွင့်ကို ဂေါပကအဖွဲ့က ဇူလိုင် ၅ ရက်မှစတင်ပြီး ယာယီရပ်ဆိုင်းထားကြောင်း သိရသည်၊၊
သံဖြူဇရပ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိအတည်ပြုလူနာ များပြားလာမှုကြောင့် လူစုလူဝေးမဖြစ်ပေါ်စေရန်နှင့် ကူးစက်ပြန့်ပွားမှု ကို ထိန်းချုပ်နိုင်ရန်အတွက် ယာယီရပ်ဆိုင်းထား ခြင်းဖြစ်ပြီး အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ လူနာများထားရှိရန် ကျိုက်က္ခမီရေလယ်ဆံတော် ရှင်မြတ်ဘုရား ပရိဝုဏ်အတွင်းရှိ အဆောက် အအုံများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထား ကြောင်း သိရသည်၊၊
ကျိုက္ခမီရေလယ်ဆံတော်ရှင်မြတ်ဘုရားသို့ ရပ်နီး၊ ရပ်ဝေးဘုရားဖူးဧည့်သည်များ ပြန်လည် လာရောက် ဖူးမြော်ကြည်ညိုခွင့်ပြုမည့်ရက်ကို ထပ်မံကြေညာပေးမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ရုံး အဖွဲ့မှူး ဦးဖိုးငြိမ်းထံမှ သိရသည်၊၊
ခရိုင်(ပြန်/ဆက်)