
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကျင်းပပြီးစီးခဲ့သော ၁၃၈၃ (၂၀၂၁) ခုနှစ်အတွက် ပါဠိပထမပြန် စာမေးပွဲတွင် သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များနှင့် လူပုဂ္ဂိုလ်များ ဝင်ရောက်ဖြေဆိုခဲ့ကြရာ ပထမကြီးတန်းတွင် ဖြေဆိုသူ (၄၉၅၅) ဦးအနက် (၁၃၃၆)ဦး အောင်မြင်၍ (၂၆. ၉၆) ရာခိုင်နှုန်း၊ ပထမ လတ်တန်းတွင် ဖြေဆိုသူ (၅၆၅၃) ဦးအနက် (၁၃၇၅) ဦးအောင်မြင်၍ (၂၄.၃၂) ရာခိုင်နှုန်း၊ ပထမငယ်တန်းတွင် ဖြေဆိုသူ (၇၃၃၀) ဦးအနက် (၁၅၆၇) ဦးအောင်မြင်၍ (၂၁. ၃၈) ရာခိုင်နှုန်း၊ အခြေပြု မူလတန်းတွင် ဖြေဆိုသူ (၁၁၇၃၆) ဦးအနက် (၇၁၂၃) အောင်မြင်၍ (၆၀. ၆၉) ရာခိုင်နှုန်း အောင်မြင်ကြသည်။
၁၃၈၃ (၂၀၂၁) ခုနှစ် ပါဠိပထမပြန်စာမေးပွဲတွင် အောင်မြင်ခဲ့ကြသော သံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင်များအနက် အတန်း အသီးသီး၌ ပထမ၊ ဒုတိယ၊ တတိယနှင့် သီလရှင် ပထမရရှိခဲ့ကြသော အထူးအောင်ပုဂ္ဂိုလ်များမှာ အောက်ဖော်ပြပါအတိုင်းဖြစ်ကြပါသည်။
၁၃၈၃ (၂ဝ၂၁) ခုနှစ် ပါဠိပထမပြန်စာမေးပွဲ အောင်စာရင်းကို နိုင်ငံ တော်သံဃမဟာနာယကအဖွဲ့ Website www. mahana. org.mm ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန Website www. mora.gov.mm နှင့် သာသနာရေးဦးစီးဌာန Website www. dra. org. mm တို့တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
သတင်းစဉ်