
ပဲခူး ဇူလိုင် ၈
ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဇူလိုင် ၇ ရက် က တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာလုပ်ငန်း ညှိနှိုင်းအစည်းအဝေး(၈/၂၀၂၁)ကို Online Zoom Meeting System ဖြင့် ကျင်းပသည်။
ရှေးဦးစွာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာများအနေဖြင့် အောက်ခြေဝန်ထမ်း များအထိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်စေ ရေး ထပ်ဆင့်အသိပေးရန်၊ မိုးရာသီဖြစ်၍ ရေကြီး နိုင်သည့်နေရာများ၊ ကမ်းပြိုကာကွယ်ရေးလုပ်ငန်း များ၊ တာကျိုးပေါက်နိုင်သည့် နေရာကို ကြိုတင် စစ်ဆေးထားရန်နှင့် ယင်းနေရာရှိ ပြည်သူများအား ကြိုတင်သတိပေးထားခြင်းများ စီစဉ်ဆောင်ရွက် ထားရန်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၌ ဇွန်လအတွင်း ကျင်းပသည့် အစည်းအဝေးလမ်းညွှန် မှာကြားချက်များ၏ ကောက်နုတ်ချက်များကို ဖတ်ကြားရှင်းလင်းသည်။
ထို့နောက် တက်ရောက်လာသည့် တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာများက မိမိတို့၏ ဌာနအလိုက် တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ပတ်သက်၍ တင်ပြကြပြီး ကောင်စီအဖွဲ့ဝင်များက ဌာနဆိုင်ရာများ၏ တင်ပြချက်များအပေါ် ဖြည့်စွက် ရှင်းလင်းတင်ပြခဲ့ကြကာ တိုင်းဒေသကြီး စီမံ အုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူးက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီရုံး၏ ကျန်းမာရေးဆိုင်ရာညွှန်ကြားချက်များ၊ လုံခြုံရေးဆိုင်ရာညွှန်ကြား ချက်များကို ရှင်းလင်းပြောကြားကြောင်း သိရ သည်။
တင်စိုး(ပဲခူး)