ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ သတင်းထုတ်ပြန်ချက်

 

၂၀၂၁ ခုနှစ်၊  ဇူလိုင်လ  ၈  ရက်


၁။    ပြည်ထောင်စု‌ရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ် သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ ရွေးကောက်ပွဲကျင်းပခဲ့သည့် မြို့နယ် ၃၁၅ မြို့နယ်၏ မဲဆန္ဒရှင်စာရင်းစိစစ်တွေ့ချက်များနှင့် ပြည်သူ့လွှတ်တော် ဆန္ဒမဲလက်မှတ်များ မြေပြင် ဖွင့်ဖောက်စစ်ဆေးခဲ့မှုအခြေအနေ မြို့နယ်အလိုက် စိစစ်တွေ့ရှိမှုစာရင်းများ၊ တိုင်းဒေသကြီး/ ပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေတစ်ခုချင်းအလိုက်  စိစစ်တွေ့ရှိမှု  စာရင်းချုပ်များကို  ၁၆- ၂- ၂၀၂၁  ရက်နေ့မှ    ၇- ၇- ၂၀၂၁ ရက်နေ့အထိ စိစစ်ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။ 


၂။    ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်ခဲ့သော မြို့နယ် ၃၁၅ မြို့နယ်၏ မဲဆန္ဒရှင်စာရင်းများကို စစ်ဆေးခဲ့ရာ မြို့နယ်တိုင်းတွင်လည်းကောင်း၊ မဲရုံတိုင်းတွင်လည်းကောင်း မဲစာရင်းအရေအတွက် များပြားစွာမှားယွင်းမှုများ ဖြစ်ပွားခဲ့ကြောင်းတွေ့ရှိရပြီး ထိုသို့ ဖြစ်ပွားရခြင်းသည် မတော်တဆဖြစ်ပေါ်ခဲ့သော  မှားယွင်းမှုမျိုးမဟုတ်ဘဲ ကြိုတင်ကြံစည် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။


၃။    ထိုသို့ စစ်ဆေးရာတွင်   နိုင်ငံသားစိစစ်ရေးကတ်မပါရှိဘဲ မဲစာရင်းတွင်   ပါဝင်နေသူများ၊   နိုင်ငံသား စိစစ်ရေးကတ်တစ်ခုတည်းဖြင့်  မဲစာရင်း ၃ ကြိမ်နှင့်အထက် ပါဝင်နေသူများ၊   နိုင်ငံသားစိစစ်ရေးကတ် တစ်ခုတည်းဖြင့် မဲစာရင်း ၂ ကြိမ်ပါဝင်နေသူများကို  ခွဲခြား၍ မြို့နယ်အလိုက် စစ်ဆေးခြင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အလိုက်   အပြန်အလှန်စစ်ဆေးခြင်း (Cross Check) ၊   တစ်နိုင်ငံလုံး အပြန်အလှန် စစ်ဆေးခြင်း (Cross Check) များအရ မဲစာရင်းထပ်နေသူများ၊ အသက် ၁၀၀ နှစ်အထက် မဲစာရင်းတွင် ပါဝင်နေသူများနှင့် ရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် အသက် ၁၈ နှစ် မပြည့်ဘဲ မဲစာရင်းတွင်ပါဝင်နေသူ စာရင်းများအရ မဲမသမာမှုဖြစ်ပွားခဲ့သော မဲဆန္ဒရှင်အရေအတွက် စုစုပေါင်းမှာ   ၁၁၃၀၅၃၉၀ ဦးဖြစ်ပြီး  တိုင်းဒေသကြီး/   ပြည်နယ်၊  ပြည်ထောင်စုနယ်မြေအလိုက်  စာရင်းများမှာ  အောက်ပါအတိုင်း ဖြစ်ပါသည် -


မဲမသမာမှုဖြစ်ပွားခဲ့သော မဲစာရင်းစစ်ဆေးတွေ့ရှိချက်

၄။    ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၃၈၂၇၁၄၄၇ ဖြစ်ကြောင်း ယခင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့ပြီး အဆိုပါ မဲဆန္ဒရှင်စာရင်းများကို စိစစ်ခဲ့ရာ မဲမသမာမှုဖြစ်ပွားသည့်အရေအတွက် ၁၁၃၀၅၃၉၀ (၂၉.၅၄ ရာခိုင်နှုန်း) ဖြစ်သည်ကို အောက်ပါအတိုင်းတွေ့ရှိကြောင်း ထုတ်ပြန်အပ်ပါသည် -
    (က)    နိုင်ငံသားစိစစ်ရေးကတ်မရှိဘဲ     ၄၈၆၉၄၂၇ ဦး
        မဲစာရင်းတွင်ပါဝင်နေသူ       
    ( ခ )    နိုင်ငံသားစိစစ်ရေးကတ်     ၂၉၅၄၀၅ ဦး
        တစ်ခုတည်းဖြင့်  မဲစာရင်း 
        ၃ ကြိမ်နှင့်အထက် ပါဝင်နေသူ      
    ( ဂ )    နိုင်ငံသား စိစစ်ရေးကတ်     ၃၅၉၆၂၀၆ ဦး
        တစ်ခုတည်းဖြင့်  မဲစာရင်း 
        ၂ ကြိမ် ပါဝင်နေသူ      
    (ဃ)    တိုင်းဒေသကြီး/ ပြည်နယ်    ၁၀၉၁၇၇၆ ဦး
        အတွင်းရှိ မြို့နယ်အလိုက်
         အပြန်အလှန် စစ်ဆေးခြင်း 
        (Cross Check)    
    ( င )    အသက် ၁၀၀ နှစ်အထက်     ၂၀၅၆၆ ဦး
        မဲစာရင်းတွင်ပါဝင်နေသူ             
    ( စ )    ရွေးကောက်ပွဲကျင်းပသည့်နေ့တွင်     ၁၄၄၁၂ ဦး
        အသက် ၁၈ နှစ် မပြည့်ဘဲ 
        မဲစာရင်းတွင် ပါဝင်နေသူ         
    (ဆ)    တစ်နိုင်ငံလုံး တိုင်းဒေသကြီး/     ၁၄၁၇၅၉၈ ဦး
        ပြည်နယ်အချင်းချင်း အပြန်အလှန် 
        စစ်ဆေးခြင်း (Cross Check)    
    ( ဇ )    မဲမသမာမှုဖြစ်ပွားခဲ့သည့်     ၁၁၃၀၅၃၉၀ ဦး
        မဲဆန္ဒရှင်အရေအတွက်စုစုပေါင်း  


              
    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်