သန်လျင်မြို့နယ်၌ မုဒိမ်းမှုကျူးလွန်ခဲ့သူနှင့် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ လူသတ်မှုကျူးလွန်ခဲ့သူများ ပြစ်ဒဏ်အသီးသီးချမှတ်

နေပြည်တော်   ဇူလိုင်  ၇
ရန်ကုန်တိုင်းဒေသကြီး    သန်လျင်မြို့နယ်     အမှတ်(၃)ရပ်ကွက်နေ မင်းမင်း (ဘ)ဦးဇော်ဝင်းသည်   ၂၀၂၀ ဇွန်လခန့်မှစ၍   ၂၀၂၁ ခုနှစ် ဇွန် ၂ ရက်အထိ      ကာလအတွင်း    ၎င်း၏သမီးအရင်း   နှစ်ဦးကို သားမယားအဖြစ် အကြိမ်ကြိမ်ပြုကျင့်ခဲ့သည့်အတွက်  စစ်အုပ်ချုပ် ရေး  (Martial Law)  စစ်ခုံရုံးဖွဲ့၍    စစ်ဆေးမှုများ   ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီး ပုဒ်မ - ၃၇၆(၁)နှင့် ရာဇသတ်ကြီးပုဒ်မ - ၃၇၇ တို့အရ ၎င်းအား ဇူလိုင် ၆ ရက်တွင် “ အလုပ်နှင့် ထောင်ဒဏ်  နှစ်  ၂၀” အမိန့် ကို  ချမှတ်လိုက်သည်။
ထို့ပြင်  လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်  (၁၉)ရပ်ကွက်နေ သီဟဇော်(ဘ) ဦးကိုမျိုးသည် ဇွန် ၃ ရက်တွင် ၎င်း၏နေအိမ်၌ ညီဖြစ်သူ လှမျိုးဇော်နှင့် စကားများ ရန်ဖြစ်ရာမှ အရှည် ရှစ်လက်မခန့်ရှိကတ်ကြေး ဖြင့်ထိုးခဲ့ရာ    လှမျိုးဇော်၏   ဝမ်းဗိုက်တွင်    ထိုးသွင်းဒဏ်ရာရရှိကာ  သေဆုံးခဲ့သည့်အတွက်  စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီး ပုဒ်မ - ၃၀၄ အရ ၎င်းအား ဇူလိုင် ၆ ရက်တွင် “ အလုပ်နှင့် ထောင်ဒဏ် နှစ် ၂၀” အမိန့် ကို  ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။                  

 

သတင်းစဉ်