အိန္ဒိယတွင် ကိုဗစ်- ၁၉ ကူးစက်ဖြစ်ပွားသူ သန်း ၃၀ ကျော်လာ

 

နယူးဒေလီ  ဇူလိုင်  ၇ 


အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီက    ကိုဗစ်- ၁၉  ထပ်မံ ကူးစက်ဖြစ်ပွားသူ ၄၃၇၃၃ ဦး ရှိကြောင်း အတည်ပြု  ဖော်ပြခဲ့မှု နှင့်အတူ ဇူလိုင် ၇ ရက်က  ကိုဗစ်-၁၉    ကူးစက်ဖြစ်ပွားသူပေါင်း ၃၀၆၆၃၆၆၅ ဦးရှိလာခဲ့ကြောင်း ကျန်းမာရေး   ဝန်ကြီးဌာနက ဖော်ပြလိုက်သည်။ 
ထို့အပြင် ဇူလိုင် ၇ ရက်အထိ ကိုဗစ်- ၁၉ ကြောင့်  ၉၃၀ ထပ်မံ သေဆုံးမှုနှင့်အတူ     စုစုပေါင်း သေဆုံးသူ ၄၀၄၂၁၁ ဦး  ဖြစ်လာခဲ့ သည်။


လွန်ခဲ့သော  ရက်အနည်းငယ် အတွင်းက ကိုဗစ်-  ၁၉ ကူးစက် ဖြစ်ပွားသူ        အရေအတွက် ဆက်တိုက်     ကျဆင်းလာပြီး နောက်  လွန်ခဲ့သော   ၂၄ နာရီ အတွင်း  ကိုဗစ်- ၁၉   ကူးစက် ဖြစ်ပွားသူနှင့်  သေဆုံးသူ နှစ်မျိုး လုံး မြင့်တက်လာခဲ့သည်။ 


လတ်တလောတွင်     နိုင်ငံ အတွင်း   ကိုဗစ်- ၁၉   ကူးစက် ဖြစ်ပွားလျက်ရှိသူ     ၄၅၉၉၂၀ ရှိလာသည်။         စုစုပေါင်း ၂၉၇၉၉၅၃၄ ဦး အောင်မြင်စွာ  ကုသပေးခဲ့ပြီးနောက်     ဆေးရုံမှ   ဆင်းလာနိုင်ခဲ့သည်။      

ဆင်ဟွာ