
ဟိုပန် ဇူလိုင် ၇
“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ကာကွယ် ထိန်းချုပ်နိုင်ရန်၊ လူဝင်/လူထွက် ခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် စနစ်တကျ ဆောင်ရွက်နိုင်ရန် အတွက် အသစ်ဆောက်လုပ် လျက်ရှိသော မြို့ဝင်စစ်ဆေးရေး ဂိတ် တည်ဆောက်နေမှုကို “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ် နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များက ယနေ့နံနက် ၁၁ နာရီက သွားရောက်စစ်ဆေးရာ ခရိုင်လမ်းဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးလင်းအောင် က လုပ်ငန်းဆောင်ရွက်နေမှုအခြေ အနေများကို ရှင်းလင်းတင်ပြပြီး “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီနပ်က လိုအပ်သည်များကို မှာကြားသည်။
ဆက်လက်၍ “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဟိုပန်မြို့ဝင် စစ်ဆေးရေးဂိတ်တွင် တာဝန်ကျဌာနဆိုင်ရာများအား ဟိုပန်မြို့သို့ လာရောက်သူများ၏ ခရီးသွားရာဇဝင်ကို သေချာစွာ စစ်ဆေးမေးမြန်းရန်၊ ရောဂါ ဖြစ်ပွားရာ ဒေသမှ ပြန်လာသူများ ဖြစ်ပါက Quarantine Centre သို့ စနစ်တကျဆက်သွယ် ပို့ဆောင် သွားရန် မှာကြားခဲ့ကြောင်း သိရှိ ရသည်။
ခရိုင်(ပြန်/ဆက်)